Taew Natapohn က တော့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး မင်းသမီးချောပါ။(၁၉၈၉)မှာ မွေးပြီး သူမရဲ့ အသက်က တော့ (၃၁)နှစ်ပါ။Thai TV 3 နဲ့ လက်တွဲ အလုပ်လုပ် နေတဲ့ သူမက တော့ ဒရမ်မာ ဇာတ်လမ်း တွဲတွေ အများကြီးမှာ ပါဝင် သရုပ်ဆောင် ခဲ့သူပါ။မင်းသမီးချော Taew Natapohn က တော့ သူမရဲ့ ချစ်သူ အသစ်နဲ့ စုံတွဲ ပုံကို IG မှာ တင်လိုက်ပါတယ်။ဒီအ ကြောင်းကိုတော့  Thai Update မှာ ဖော်ပြထားတာပါ။

 

View this post on Instagram

 

A post shared by Natapohn T. (@taewaew_natapohn) on

 

View this post on Instagram

 

A post shared by Natapohn T. (@taewaew_natapohn) on

သူမက တော့ လက်ရှိမှာ Hi-So Pranai Phornprapha နဲ့ တွဲ နေပါတယ်။Hi-So Pok ရဲ့ ညီပါ။ Hi-So Pok ကလည်း မင်းသမီး Aum Patchrapa နဲ့ တွဲ နေတာမို့ ညီအစ်ကို နှစ်ယောက်လုံးက ထိုင်းနိုင်ငံရဲ့ မင်းသမီး ချော နှစ်ယောက်ကို ချစ်သူ အဖြစ် ပိုင်ဆိုင် ထားကြတာပါ။ Taew Natapohn က တော့ သူမရဲ့ ချစ်သူ အပါအ၀င် တခြား အနုပညာ လုပ်ဖော် ကိုင် ဖက် တွေနဲ့ အတူတူ ဖူးခက်မှာ အနားယူ နေပါတယ်။

 

View this post on Instagram

 

A post shared by Natapohn T. (@taewaew_natapohn) on

 

View this post on Instagram

 

🙏🏻

A post shared by Pranai Phornprapha (@pranaip) on

ချစ်သူနဲ့ စုံတွဲ ပုံကိုလည်း သူမရဲ့ IG မှာ တင်ခဲ့ပါတယ်။မကြာသေးခင်တုန်းက လည်း Hi-So Pok ရဲ့ စားသောက် ဆိုင် ဖွင့် ပွဲကို Taew တစ်ယောက် တက်ရောက်ခဲ့ပါ သေးတယ်။အဲ့ဒီ တုန်းက Pranai Phornprapha ရဲ့ အ ကောင့်မှာ သူတို့ နှစ်ယောက် တွဲ ပုံတွေ တင်ခဲ့ဖူးပါတယ်။

Image:IG/pranaip
Image:IG/pranaip

Taew Natapohn က တော့ သြဂုတ်လ တုန်းက အင်တာဗျူး တစ်ခုမှာ ချစ်သူ သစ်နဲ့ ပတ်သက်ပြီး အင်တာ ဗျူး ဖြေခဲ့ပါတယ်။ဂျပန် စား သောက်ဆိုင် တစ်ဆိုင် မှာ သူမရယ်၊ သူမရဲ့ အ မေ နဲ့ တခြားလူတွေ စားခဲ့ကြပြီး အဲ့ဒီ ပွဲမှာ Hi-So Pranai လည်း ပါဝင် ခဲ့တယ်လို့ ဆိုပါတယ်။အ မေ ဖြစ်သူကို သူမရဲ့ ချစ်သူနဲ့ တွေ့ ပေးတာ ဒါပထမ ဆုံး အကြိမ် မဟုတ် ကြောင်းနဲ့ အတူတူ မကြာခဏ တွေ့ပြီး စားဖြစ် တယ်လို့ လည်း ပြောခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Natapohn T. (@taewaew_natapohn) on

လက်ရှိ သူ တို့ရဲ့ Relationship နဲ့ ပတ်သက်ပြီး ပြောတဲ့ အခါ မှာတော့ အရာရာတိုင်းမှာ အချိန်လိုအပ်တဲ့ အတွက် တစ် ယောက် နဲ့ တစ်ယောက် ပိုသိ ပိုနားလည် လာ အောင် လေ့လာ နေတယ်လို့ ပြောခဲ့ပါတယ်။ အရင်က မင်းသား Ton Arch နဲ့ တွဲခဲ့တာပါ။(၁၄)နှစ် ကြာ တွဲ ပြီးနောက် လမ်းခွဲ ခဲ့ကာ လက်ရှိ Hi-So နဲ့ တွဲခဲ့တာပါ။

 

View this post on Instagram

 

^____^

A post shared by Arch (@a_r_c_h) on

  • #CELENOW