Bigbang အဖွဲဝင် T.O.P ကတော့ ကိုရီးယားနိုင်ငံသားတိုင်း ထမ်းဆောင်ရတဲ့ စစ်မှုထမ်းတာဝန်ကို လာမယ့် ဇန်နဝါရီလ (၂၆)ရက်နေ့မှာ ပြန်လည်ထမ်းဆောင်ရတော့မှာ ဖြစ်ပါတယ်။ T.O.P ဟာ (၂၀၁၇)ခုနှစ် ဖေဖေါ်ဝါရီလ (၉)ရက်မှ စပြီး ဇွန်လ (၅)ရက်နေ့အထိ (၁၁၇)ရက်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်မှာတော့ Han Seo Hee ဆိုတဲ့ ကောင်မလေးနဲ့ အတူ မူးယစ်ဆေးသုံးစွဲခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။

အဲဒီ ပြဿနာတွေ ဖြစ်ခဲ့ပြီးနောက်မှာတော့ T.O.P ဟာသူ့ရဲ့ အိမ်မှာ အနားယူလျက်ရှိပြီး လူတွေရဲ့ မြင်ကွင်းကနေ ရှောင်နေခဲ့ပါတယ်။

မူယစ်ဆေးနဲ့ ပတ်သတ်တဲ့ ပြဿနာ အရှုပ်အရှင်းတွေ မဖြစ်ခင်  T.O.P ထမ်းဆောင်ခဲ့တဲ့ စစ်မှုထမ်းကာလကို စစ်တပ်ကနေ ထည့်သွင်း စဉ်းစားပေးသွားမှာ ဖြစ်ပါတယ်။ T.O.P ဟာ (၁၁၇)ရက်ကြာ စစ်မှုထမ်းခဲ့ပြီုးဖြစ်လို့ နောက်ထပ် ရက်ပေါင်း (၅၂၀)ကြာ စစ်မှုထမ်းပေးရမှာလို့လည်း သိရပါတယ်။

Source: Koreaboo