Suzy ကတော့ တောင်ကိုရီးယားအဆိုတော် မင်းသမီးတစ်ယောက်ပါ။ မြန်မာပရိသတ်တွေနဲ့ အထူး မိတ် ဆက်ပေးစရာ မလိုတဲ့ မင်းသမီးလေးပါ။ မင်းသားချော လီမင်ဟိုရဲ့ ချစ်သူဟောင်းပါ။ သူမဟာ  JYP Entertainment ရဲ့လက်အောက်မှာရှိတဲ့ Miss A အဖွဲ့ရဲ့  အဖွဲ့ဝင်ဟောင်းတစ်ယောက် လည်း ဖြစ်ခဲ့ဖူးပါတယ်။ အဆိုတော် မင်းသမီးချောလေး Suzy  ကတော့ သူမရဲ့ ပထမဆုံး Asia fan meeting tour ကို တိုင်ပေ မှာ စတင်လိုက်ပါပြီ။

ထိုင်ဝမ်ပရိသတ်တွေနဲ့ မေလ (၁၂)ရက်နေ့မှာ တွေ့ဆုံခဲ့တာပါ။ဒီပွဲမှာတော့ သူမရဲ့ Mini Album ထဲ က သီချင်းလေးတွေ ဖြစ်တဲ့  “Holiday”, “SObeR”, “Loving Someone Else”, “Pretending to be Happy” ..ဆိုတဲ့ သီချင်းတွေနဲ့ ပရိသတ်တွေကို သီဆိုဖျော်ဖြေခဲ့ပါတယ်။ ထိုင်ဝမ်သီချင်းတွေနဲ့လည်း ပရိသတ်တွေကို သီဆိုဖျော်ဖြေခဲ့ပြီး cover dance တွေနဲ့ Fan တွေ ကို အတက်နိုင်ဆုံး ကြိုးစားဖော်ျဖြေခဲ့ပါတယ်။

Fan တွေကလည်း သူမအတွက် အထူးစပယ်ရှယ်တွေ ပြင်ဆင်ပေးလာခဲ့ပါတယ်။ သူမအတွက် အထူး ဖန်တီးထားတဲ့ ဗီဒီယိုကို  ပြင်ဆင်လာခဲ့ပါတယ်။ ပရိသတ်တွေက အထူးပြင်ဆင်ပေးလာတဲ့ လက်ဆောင်ကို မြင်လိုက်ရတဲ့ တစ်ခဏမှာပဲ ကြည်နူးပီတိ ကြောင့် ပျော်လွန်းလို့ မျက်ရည်ကျ ခဲ့ပါ တယ်။”ရှင်တို့ရဲ့ အားပေးမှုကို ပြလိုက်တော့ ကျမတကယ်ပဲ ခံစားရပါတယ်။ရှင်တို့ကို ချစ်ပါတယ် ..ထိုင်ဝမ်ပရိသတ်တွေနဲ့ ထပ်ဆုံ ချင်ပါသေးတယ်..” ဆိုပြီးပြောခဲ့ပါတယ်။Suzy ရဲ့ နောက်ထပ် Asia Tour အနေနဲ့ကတော့ (၂၆)ရက်နေ့ကျရင် ဟောင်ကောင်မှာ ပရိသတ်တွေနဲ့ တွေ့ဆုံမှာပါ။

 

Source allkpop