အဆိုတော်၊ မင်းသမီးချောလေး Suzy က မကြာခင် အဆိုတော်တစ်ယောက်အဖြစ် ပြန်လာဖို့ ပြင်ဆင်နေဟန်တူတဲ့ ပုံရိပ်လေးတွေကို ဝေမျှလာခဲ့တာဖြစ်ပါတယ်။ November 24 ရက်နေ့က URBAN ZAKAPA ရဲ့ အဖွဲ့ဝင် Jo Hyun Ah က သူမရဲ့ instagram အကောင့်မှာ အချစ်ဆုံး သူငယ်ချင်းမလေး Suzy ရဲ့ပုံကို တင်ထားခဲ့တာပဲ ဖြစ်ပါတယ်။ ဒီသတင်းကို sbs က ဖော်ပြထားတာ ဖြစ်ပါတယ်။

 

ဒီပုံတွေထဲမှာတော့ Suzy က ပေါ့ပေါ့ပါးပါး hoodie အကျီ င်္လေးကို ဝတ်ထားပြီး မိတ်ကပ်မပါတဲ့ မျက်နှာပြောင်လေးနဲ့ ချစ်စရာ ကောင်းနေပါတယ်။ သူမက electric guitar လက်မှာကိုင်ထားပြီး microphone ရှေ့မှာ ရှိနေခဲ့တာပါ။

 

သူမရဲ့ သဘာဝအတိုင်း အလှ၊ ပေါ့ပါးတဲ့ စတိုင်လ်လေးတွေနဲ့ ရိုက်ကူးထားခဲ့တဲ့ ဒီပုံလေးက ဘာမှမပါပေမယ့် အရမ်းကို ပြီးပြည့်စုံနေခဲ့ပါတယ်။ Jo Hyun Ah က ဒီဓာတ်ပုံနဲ့အတူ ခုလိုစာလေးကိုလည်း ရေးသားထားပါတယ် “တစ်ခုခုအတွက် အလုပ်လုပ်နေတယ် ငါတို့ရဲ့ Suzy လေး အရမ်းလှတယ်” ဆိုပြီး ရေးသားထားခဲ့တာ ဖြစ်ပြီး သူမက Suzy ကို mentioned ‌ခေါ်ထားခဲ့တာဖြစ်ပါတယ်။

 

ဒီဓာတ်ပုံရဲ့အောင်မှာတော့ များစွာသော ပရိတ်သတ်တွေက Suzy ကို အဆိုတော်တစ်ယောက်အဖြစ် ပြန်လာဖို့ ပြောထားကြတဲ့ ကော်မန့်တွေများစွာ ရေးသားထားခဲ့ကြပါတယ်နော်။ တစ်ချို့ကော်မန့်တွေက “နှစ်ယောက်အတူတူ သီချင်းထွက်ကြမှာလား မစောင့်နိုင်တော့ဘူး” “မင်းသမီး Bae Suzy လေးကို ချစ်တယ် ဒါပေမယ့် အဆိုတော် Suzy ကိုလည်း ပိုလွမ်းတယ်” “သူတို့ လျို့ဝှက်ထားတဲ့ အရာလေးအတွက် မစောင့်နိုင်တော့ဘူး အရမ်းစိတ်လှုပ်ရှားနေပြီ” စသဖြင့် ရေးသားထားကြပါတယ်။

Khin