တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်ကြားတဲ့ အဆိုတော်၊မင်းသမီးတစ်ဦးဖြစ်တဲ့ Suzy ကို Folllower ၈သန်းကျော်ရှိတဲ့ သူမရဲ့ အင်စတာဂရမ်အကောင့် @skuukzky မှာ မတွေ့ရဘူးဆိုရင်တော့ သူမဟာ သူမရဲ့ နောက်ထပ်အင်စတာဂရမ် အကောင့်တစ်ခုမှာ ရှိနေပုံပေါ်ပါတယ်။

သူမရဲ့ နောက်ထပ် အင်စတာရမ်တစ်ခုဖြစ်တဲ့ @sz.z.y မှာဓါတ်ပုံတွေတော့ သိပ်မရှိသလို Folllower လည်းသိပ်မရှိပေမဲ့ သူမရဲ့ ပရိသတ်တွေကတော့ Suzy ရဲ့ နေ့စဉ်ဘဝ ကိုယ်ရေးကိုယ်တာနဲ့ ပတ်သတ်ပြီး များများပိုသိနိုင်တော့မှာ ဖြစ်လို့ အရမ်းကို ပျော်နေကြပါတယ်။

Suzy ရဲ့ ဒုတိယအကောင့်မှာတော့ ပရိသတ်တွေ တစ်ခါမှာ မမြင်ဖူးတဲ့ ဓါတ်ပုံတွေလည်း အများကြီးရှိနေပါတယ်။ ဒီပုံကတော့ လူတိုင်းသိကြတဲ့ @skuukzkyဆိုတဲ့ အကောင့်မှာ Suzy တင်ထားတဲ့ ဓါတ်ပုံဖြစ်ပါတယ်။

ဒီပုံကတော့ Suzy ဟာ သူမရဲ့ နောက်ထပ်အကောင့် တစ်ခုမှာ တစ်နေရာထဲမှာပဲ ရိုက်ထားတဲ့ ဓါတ်ပုံကို ထပ်တင်ထားတဲ့ ပုံဖြစ်ပါတယ်။

ဒါ့အပြင် Suzyဟာ တစ်နေရာထဲမှာ ရိုက်ထားတဲ့ပုံစံမတူတဲ့ ဓါတ်ပုံတွေကို သူမရဲ့ အင်စတာဂရမ်အကောင့် နှစ်ခုလုံးမှာ အချိန်လည်း သိပ်မကွာပဲတင်ထားတာကို တွေ့ရမှာပါ။

Suzy ရဲ ပရိသတ်တွေကတော့ အကောင့်နှစ်ခုဖွင့်ထားတဲ့ Suzy ကြောင့် Suzy ရဲ့ ဓါတ်ပုံတွေကို ပိုပြီးတော့ကြည့်ရတော့မှာဖြစ်ပါတယ်။ Suzy ရဲ့ နောက်ထပ် အင်စတာဂရမ်အကောင့်တစ်ခုဖြစ်တဲ့ @sz.z.yကို အခုပဲ Follow လုပ်ထားလိုက်ကြတော့နော်။

Source: Koreaboo