တောင်ကိုရီးယားနိုင်ငံ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အပြင် အလှပဂေးတစ်ယောက်ဖြစ်တဲ့ Suzy ရဲ့ အနုပညာနဲ့ပတ်သတ်တဲ့ ကိစ္စတွေ ၊သူမရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကတော့ ပရိသတ်တွေ စိတ်ဝင်စားကြတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ မင်းသား Lee Dong Wookနဲ့ ချစ်သူတွေဖြစ်နေကြတဲ့ သတင်းထွက်လာပြီးနောက်မှာတော့ Suzy ဟာ Lee မျိုးရိုးနာမည်ရှိတဲ့ သူတွေနဲ့ တွေ့ဆုံဖို့အကြောင်းပါတဲ့ သူတစ်ယောက်ဆိုတာ ပရိသတ်တွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

1. Lee Jae Hoon

Suzy နဲ့ Lee Jae Hoon ကတော့ Architecture 101 ရုပ်ရှင်ကားထဲမှာ အတူတွဲဖက်ပါဝင်သရုပ်ဆောင်ခဲ့ပြီး သူတို့နှစ်ဦးရဲ့ သရုပ်ဆောင်မှုတွေကတော့ တကယ့်စုံတွဲတွေလားလို့တောင် အထင်မှားရအောင် လိုက်ဖက်ညီလွန်းလှပါတယ်။

Lee Jae Hoonကတော့ Suzy နဲအတူ နောက်တစ်ကြိမ်လောက် ထပ်ပြီးတော့ အနုပညာအလုပ်တွေလုပ်ချင်သေးပါတယ်လို့ ပြောခဲ့ပါတယ်။ Lee Jae Hoon ဟာ Suzyထက် အသက်၁၀နှစ်ကြီးပေမဲ့လည်း သူတို့နှစ်ဦး ဇာတ်ကားထဲမှာ အတွဲညီညီနဲ့ အကောင်းဆုံးသရုပ်ဆောင်ခဲ့ကြပါတယ်။

2. Lee Seung Gi

မင်းသား Lee Seung Gi နဲပလည်း အတူတွဲပြီးတော့ “Gu family book” ဇာတ်လမ်းတွဲမှာလည်း လိုက်ဖက်ညီစွာ သရုပ်ဆောင်ခဲ့ပါသေးတယ်။

သူတို့နှစ်ဦးဟာ အနုပညာလောကမှာ ခင်မင်တဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်း ဖြစ်ကြပါတယ်။

3. Lee Min Ho

Dispatch သတင်းဌာနကနေ ဖြန့်လိုက်တဲ့ Lee Min Ho နဲ့ Suzy တို့နှစ်ဦး ချိန်းတွေ့နေတဲ့ ဓါတ်ပုံတွေ အင်တာနက်ပေါ်မှာ ပျံ့သွားပြီးနောက်မှာတော့ ၂၀၁၅ခုနှစ် မတ်လမှာ သူတို့နှစ်ယောက်ချစ်သူတွေ ဖြစ်နေပြီဆိုတဲ့ အကြောင်းကို ပရိသတ်တွေကို ကြေငြာခဲ့ပါတယ်။ ပရိသတ်တွေကလည်း သူတို့နှစ်ဦးရဲ့ အချစ်ရေးကို အားပေးခဲ့ပါတယ်။

ဒါပေမဲ့လည်း ၂နှစ်အကြာမှာ ပြတ်စဲသွားတဲ့ သူတို့နှစ်ဦိးရဲ့ အချစ်ရေးဟာ ပရိသတ်တွေကိုပါ စိတ်မကောင်းဖြစ်စေခဲ့ပါတယ်။ ဒါပေမဲ့လည်း သူတို့နှစ်ဦးဟာ သူငယ်ချင်းတွေအဖြစ် ဆက်ရှိနေဆဲဖြစ်ပါတယ်။

4. Lee Jong Suk

Lee Min Ho နဲ့ Suzyတို့ ပြတ်စဲသွားတဲ့ အချိန်တုန်းက လူအများစုဟာ Lee Jong Sukလို့ထင်ခဲ့ကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ Lee Jong Sukဟာ အဲဒီအချိန်တုန်းက Suzy နဲ့အတူ “While you were sleeping” ဇာတ်လမ်းတွဲမှာ အတူတွဲဖက်သရုပ်ဆောင်နေတဲ့ အချိန်ဖြစ်ပါတယ်။

ပရိသတ်တော်တော်များများကတော့ Lee Jong Suk နဲ့ Suzy တို့ဟာ ဇာတ်လမ်းတွဲရိုက်ရင်းနဲ့ တစ်ဦးကို တစ်ဦး မေတ္တာမျှနေကြပြီလို့ ထင်နေခဲ့ကြပါတယ်။ ဒါပေမဲ့လည်း အဲဒါတွေကတော့ ကောလဟာလတွေသာဖြစ်ခဲ့ပါတယ်။

5. Lee Dong Wook

နောက်ဆုံးတစ်ယောက်ကတော့ Lee Dong Wook ဖြစ်ပါတယ်။ သူ့ကိုတော့ Suzy ဟာ အရင်ကတည်းက အစီအစဉ်တစ်ခုမှာ သူမသဘောကျတဲ့ သူအဖြစ်ရွေးချယ်ခဲ့ဖူးပါတယ်။ အခုအချိန်မှာတော့ သူမနဲ့ Lee Dong Wook ဟာချစ်သူတွေဖြစ်နေကြပါပြီ။

Source: Kpopline