Suzy နဲ့ Lee Dong Wookတို့နှစ်ဦးရဲ့ ဆက်ဆံရေးကတော့ သူတို့နှစ်ဦး ချစ်သူတွေဖြစ်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပြီနောက်မှာမှ တကယ်ကို ချစ်သူတွေ ဖြစ်သွားကြပုံပါပဲ။

သတင်းတွေထွက်လာပြီးနောက်မှာ Suzy နဲ့ Lee Dong Wookတို့နှစ်ဦးရဲ့ အေဂျင်စီတွေက သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကို မသေချာမရေရာနဲ့ အတည်ပြုပေးခဲ့လို့ ပရိသတ်တွေတောင်သံသယ ဝင်ခဲ့ရပါသေးတယ်။

အတွင်းသိ၊အစင်းသိတစ်ယောက်ကတော့ သူတို့နှစ်ဦးဟာ တစ်ကြိမ်၊နှစ်ကြိမ်လောက်သာ ကော်ဖီဆိုင်မှာ တွေ့ခဲ့ကြပြီး တရားဝင် ချစ်သူတွေမဖြစ်ကြသေးပါဘူး လို့လည်း ပြောပြခဲ့ပါတယ်။

ဒါပေမဲ့လည်း သူတို့နှစ်ဦကတော့ တစ်ယောက်ကို တစ်ယောက်အပြန်အလှန် သဘောကျကြပြီး ရုတ်တရက်ထွက်လာတဲ့ သတင်းတွေနဲ့အတူ သူတို့နှစ်ဦးရဲ့ သမီးရည်းစား ဆက်ဆံရေးက တရားဝင် ချစ်သူတွေအဆင့် ဖြစ်သွားကြတာဖြစ်ပါတယ်။

ပရိသတ်တွေကတော့ လွန်ခဲ့တဲ့ ၆နှစ်က Suzy ဟာအရင်က ရုပ်သံအစီအစဉ်တစ်ခုမှာ Lee Dong Wook ကို သူမရဲ့ သဘောကျနှစ်သက်တဲ့ သူအဖြစ်ရွေးချယ်ခဲ့တဲ့ အကြောင်းကို ပြန်အစဖေါ်ပြီး အဲဒီအကြောင်းကို ပြောလို့ကို မဆုံးကြတော့ပါဘူး။

Source: Koreaboo