SHINee အဖွဲ့ဝင် Jonghyun ကတော့ ဒီဇင်ဘာလ ၁၈ ရက်နေ့က ပရိသတ်တွေကို နှုတ်ဆက်ထွက်ခွာသွားခဲ့ပါပြီ။သူ့ရဲ့ ဈာပနအခမ်းအနားကိုတော့ အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပြီး Jonghyun ရဲ့ နောက်ဆုံးခရီးကိုလိုက်ပို့ပေးခဲ့ကြပြီး ဆုတောင်းစာတွေလည်း ရေးပေးခဲ့ကြပါတယ်။ Super Junior အဖွဲ့ဝင် Leeteuk ကလည်း သူရဲ့ သူငယ်ချင်းဖြစ်သူ Jonghyun အတွက် စာအရှည်ကြီးတစ်စောင်ရေးပြီး သူ့ရဲ့ အင်စတာဂရမ်မှာပေါ်မှာ တင်ခဲ့ပါတယ်။

Jonghyun အတွက် Leeteuk ရဲ့စာ

“ဘယ်သူမှက မင်းအကြောင်းကို သိနိုင်မှာမဟုတ်ဘူး။ ၀မ်းနည်းမှုတွေ၊ အထီးကျန်မှုတွေကို ဖေါ်ပြဖို့နည်းလမ်းမရှိခဲ့လို့ ဒီလိုမျိုးအဆုံးသတ်ခဲ့ရတာလား ဒါမှမဟုတ် လူတွေကိုတစ်ခုခုပြောချင်တာလားဆိုတာကိုတော့ ငါ အများကြီး စဉ်းစားရဦးမယ်ထင်တယ်။ ငါ မင်းကို သေချာဖမ်းဆုပ်ထားရမယ့်အချိန်မှာ မဖမ်းဆုပ်ထားပေးနိုင်ခဲ့လို့ တောင်းပန်ပါတယ်။ အဲဒါကြောင့်လည်း ပိုပြီးတော့ စိတ်မကောင်းဖြစ်ရတယ်။ မင်းခံစားနေရတဲ့အရာက အရမ်းကိုကြီးမားတဲ့ စိတ်ဖိစီးမှုတစ်ခုဖြစ်ပြီး အနုပညာရှင်တစ်ယောက်အတွက်တောင် အရမ်းကိုလေးပင်လွန်းပါတယ်။ ဒီလိုကြပ်တည်းတဲ့အခြေအနေထဲမှာ ဘာမှလုပ်မရဘဲ အရှုံးပေးခဲ့ရတယ်ဆိုတာက ငါ့ကိုပိုပြီးတော့ရင်နာစေပါတယ်” လို့ Leeteuk က ရေးခဲ့ပါတယ်။ ဒါ့အပြင် Jonghyung ရဲ့ နောက်ဆုံးခရီးကို လိုက်မပို့ခင်နေ့မှာ Jonghyun ကို အိပ်မက်မက်တဲ့အကြောင်းကိုလည်း Leeteuk က စာထဲမှာ  ပြောခဲ့ပါတယ်။ အိပ်မက်ထဲမှာ Jonghyun က အရမ်းကို ပျော်ရွှင်နေတဲ့အပြုံးနဲ့ Leeteuk ကို ပျော်ပျော်ရွှင်ရွှင်နေဖို့ပြောခဲ့တယ်လို့ Leeteuk က သူရဲ့စာထဲမှာ ရေးထားပါတယ်။

Leeteuk ဟာ သူကိုယ်တိုင်လည်း စိတ်ကျဝေဒနာကို ခံစားခဲ့ရတဲ့ အကြောင်းကိုလည်း ရေးခဲ့ပါတယ်။ အသက်ရှင်နေတာထက် သေတာပဲကောင်းမယ်လို့ ထင်တဲ့အချိန်တွေလည်း ရှိခဲ့ပါတယ်တဲ့။ စစ်တပ်ထဲမှာတုန်းကဆို လူတွေက သူ့ကို ဟန်ဆောင်နေတယ်လို့တောင် ထင်ကြတယ်။ အဲဒါကိုလည်း တစ်နှစ်လောက် သည်းခံခဲ့ရတယ်လို့ Leeteuk က ရေးထားပါတယ်။ “ခရစ်စမတ်နေ့ကို တန်ဖိုးထားသလိုမျိုး နေ့တိုင်းကို ပျော်ပျော်ရွှင်ရွှင် နေကြရအောင်” လို့ရေးပြီး စာကို အဆုံးသတ်ထားပါတယ်။

Source:Metro