ဖေ့စ်ဘုတ်ပေါ်မှာ နာမည်ကျော်တဲ့ ထိုင်းနိုင်ငံက မော်ဒယ်မလေးတစ်ယောက်ဖြစ်တဲ့ ဆွန်ဆွန်ကတော့ သူမရဲ့ ထူးခြားရုပ်ရည် နဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရှိ နေတတ်တဲ့ ဆယ်လီမလေးတစ်ယောက် ဖြစ်တာကြောင့် ထိုင်းနိုင်ငံမှာသာမက နိုင်ငံတကာ ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေကို ရရှိနေတဲ့ သူတစ်ယောက်ပါ။

ထိုင်းမလေး ဆွန်ဆွန်ကတော့ မြန်မာနိုင်ငံရဲ့ နာမည်ကျော် အဆိုတော်တစ်ဦးဖြစ်တဲ့ ဟန်ထူးဈာန်နဲ့အတူ သီချင်းဗီဒီယိုရိုက်ကူးဖို့အတွက် ဇွန်လ (၁၇) ရက်နေ့ ညပိုင်းမှာ ရန်ကုန်မြို့ အပြည်အပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိလာခဲ့ပြ ဖြစ်ပါတယ်။ အဆိုတော် ဟန်ထူးဈာန်ကလည်း ထိုင်းမလေး ဆွန်ဆွန်ကို လေဆိပ်မှာ သွားရောက်ကြိုဆိုခဲ့ပါတယ်။

ထိုင်းမလေး ဆွန်ဆွန်နဲ့ ဟန်ထူးဈာန်တို့နှစ်ယောက် အတူရိုက်ကူးမယ့် သီချင်း ဗီဒီယိုကတော့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေကို တော်တော်လေး ရရှိနေပါတယ်။ သူတို့နှစ်ယောက်ရဲ့ သီချင်းဗီဒီယို ထွက်လာတဲ့ အခါလည်း စောင့်မျှော်အားပေးလိုက်ကြပါဦးနော်။

Source: Kyaw Myo Naing, Han Htoo Zen