BTS အဖွဲ့ဝင် SUGA က သူ့ရဲ့ ပခုံးကုသထားမှု အခြေအနေအကြောင်းကို ပရိတ်သတ်တွေသိအောင် ဝေမျှပေးခဲ့တာပဲ ဖြစ်ပါတယ်။ December 28 ရက်နေ့က SUGA ဟာ အွန်လိုင်း audio live တစ်ခုဖြစ်တဲ့ NAVER V LIVE မှာ ပါဝင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီသတင်းကို sbs က ဖော်ပြထားတာ ဖြစ်ပါတယ်။
View this post on Instagram
ဒီအစီအစဉ်မှာ SUGA က ပရိတ်သတ်တွေမေးတဲ့ သူ့ရဲ့ပခုံးအခြေအနေ မေးခွန်းတွေကို ခုလိုမျိုး ဖြေကြားပေးခဲ့ပါတယ် “ဟုတ်ကဲ့ အခုတော့ လည်သိုင်းထားတဲ့ ပတ်တီးကို ဖြေလိုက်ရပါပြီ ဒါပေမယ့် ကျွန်တော့်ဘယ်ဘက်လက်ကတော့ ကိုးဆယ်ဒီဂရီ မြှောက်လို့မရသေးပါဘူး အခုထက်ထိ ကျွန်တော့်ရဲ့ ကိုယ်ပိုင်လက်လေးအဖြစ် ခံစားလို့မရသေးပါဘူး” ဆိုပြီး ဖြေကြားပေးခဲ့တာ ဖြစ်ပါတယ်။
View this post on Instagram
သူက ဆက်လက်ပြီး “ကျွန်တော် လိုအပ်တဲ့ ကုသမှုတွေကို ခံယူနေပြီးတော့ အမြန်ဆုံးသက်သာဖို့ တတ်နိုင်သလောက် ကြိုးစားနေပါတယ် ကျွန်တော်ကြားတာကတော့ အချိန်ခြောက်လလောက်မှ လုံးဝကောင်းမယ်လို့ ပြောပါတယ် ဒါပေမယ့် ဖြည်းဖြည်းချင်းလေး ကောင်းလာနေပါပြီ ဒါက ကျွန်တော်ကို တော်တော်လေး စိတ်မရှည်အောင် လုပ်နေပါတယ်” လို့ ရယ်လျက်ပြောပြလာခဲ့တာပါ။
View this post on Instagram
အဲဒီ့နောက်မှာတော့ SUGA က Big Hit Entertainment အနုပညာရှင်တွေနဲ့အတူ ကျင်းပပြုလုပ်မယ့် ‘2021 NEW YEAR’S EVE LIVE’ ပွဲအကြောင်းလေးနဲ့ ပတ်သက်ပြီး ခုလိုပြောပြပေးခဲ့ပါတယ် “ကျွန်တော် တကယ့်ကို စတိတ်စင်ပေါ် တက်ချင်နေပါပြီ ဒီနှစ်မကုန်ခင်မှာ အနုပညာရှင်တွေနဲ့အတူ ဖျော်ဖြေမှုလေး လုပ်ချင်ပါတယ် ဒါကြောင့်ပဲ ကျွန်တော် ‘2021 NEW YEAR’S EVE LIVE’ ပွဲမှာ ပါဝင်ဖို့ တွေးထားပါတယ်”
View this post on Instagram
“ကျွန်တော် ကလို့တော့ မရသေးပါဘူး ဒါပေမယ့် အကမပါပဲ သီချင်းဆိုတာလောက်တော့ ကျွန်တော်လုပ်နိုင်လောက်မှာပါ သီချင်းဆိုတဲ့အခါ မိုက်ကိုတော့ ဘယ်ဘက်လက်နဲ့ ကိုင်လို့မရဘူးပေါ့” ဆိုပြီး ပြောပြသွားခဲ့တာ ဖြစ်ပါတယ်နော်။ November 3 ရက်နေ့မှာ Big Hit Entertainment ကနေပြီး SUGA ပခုံးခွဲစိတ်မှု ပြုလုပ်ရတဲ့အကြောင်းကို ပရိတ်သတ်တွေဆီ အသိပေးခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီ့အချိန်ထဲက SUGA ဟာ ပြန်လည်ကောင်းမွန်လာဖို့အတွက် အလုပ်တွေကို ခဏရပ်နားထားခဲ့တာပါနော်။
Khin