အဆိုတော် အစ္စဏီရဲ့ ချစ်သူဟောင်းဖြစ်ပြီး မော်ဒယ်တစ်ယောက်အဖြစ် ပရိသတ်တွေကြားမှာ လူသိများတဲ့ စူးရှထက်ကတော့ လတ်တလောမှာ အစ္စဏီကို ကိုယ်ထိလက်ရောက်စော်ကားမှုနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။ အစ္စဏီနဲ့ စူးရှထက်တို့ရဲ့ အမှုကတော့ ပရိသတ်တွေကြားမှာ တော်တော်လေးကို စိတ်ဝင်စားနေတဲ့ အကြောင်းအရာလည်း ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စူးရှထက်နဲ့ အစ္စဏီတို့ ချစ်သူဖြစ်စဉ်က အသံဖိုင်တွေ ထွက်ပေါ်လာခဲ့ပြီး ပရိသတ်တွေကြားမှာလည်း အတော်လေး ပျံနှံ့နေပါတယ်။

အသံဖိုင်ထဲမှာတော့ စူးရှထက်က အစ္စဏီကို “ကိုကို ရေချိုးပေး” လို့ ပြောထားတာတွေပါ ပါဝင်ခဲ့ပါတယ်။ အသံဖိုင်ထွက်လာတာနဲ့ တပြိုင်နက်ပဲ စူးရှထက်ရဲ့ ရေချိုးနေတဲ့ ဓါတ်ပုံတွေက ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

စူးရှထက်ကတော့ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဘာမှတုံ့ပြန်ခြင်းမရှိပေမယ့် သူမရဲ့ ဖေ့စ်ဘုတ်အကောင့်မှာတော့ ဆံပင်ပုံစံအသစ်ပြောင်းထားတဲ့ သူမရဲ့ ဓါတ်ပုံတွေကို တင်ထားပါသေးတယ်။

Source: Sue Sha Htet