ဆုလှိုင်ဝင်းကတော့ အွန်လိုင်းပေါ်မှာ ဗီဒီယိုဖိုင်လေးတွေ တင်ရင်း နာမည်ကြီးလာသူပါ။သူမရဲ့ ကျစ်လစ်လှပတဲ့ ကောက်ကြောင်းအလှက အရမ်းကို နာမည်ကြီးပါတယ်။ မြန်မာဝတ်စုံလေးနဲ့ သူမ ရိုက်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုဟာဆိုရင် အွန်လိုင်းပေါ်မှာ အရမ်းကိုပေါက်ခဲ့တာပါ။ အခုဆိုရင်တော့ ဆုလှိုင်ဝင်းတစ်ယောက် အနုပညာအလုပ်တွေကိုပါ လုပ်လာတာကိုတွေ့ရပါတယ်။

ကြော်ငြာတွေ၊ ဓါတ်ပုံတွေ ရိုက်ကူးလာခဲ့တာပါ။ ပြီးခဲ့တဲ့လကဆိုရင် Yum Yum ကြော်ငြာ ရိုက်ခဲ့ပါတယ်။ ဒီကြော်ငြာကိုတော့ ညိမ်းသော်၊ပိုင်တံခွန်၊ပိုးမမှီသာတို့နဲ့ အတူ ရိုက်ကူးခဲ့ပါတယ်။ ဆုလှိုင်ဝင်းက ညိမ်းသော်နဲ့ အတူ ဗီဒီယိုဖိုင်လေးတစ်ခုလည်း ရိုက်ခဲ့ပါတယ်။

ညိမ်းသော်နဲ့ ဆုလှိုင်ဝင်းတို့ လမ်းလျှောက်နေတဲ့ ဗီဒီယိုဖိုင်လေးကို ဖော်ပြပေးလိုက်ပါတယ်။

🤣တွေ့ကြပီပေါ့😎with bro @nyein_thaw

A post shared by Su Hlaing Win (@dqueenshw) on May 22, 2018 at 6:00am PDT

from ဆုလှိုင်ဝင်း