အရမ်းချစ်စရာကောင်းတဲ့ မျက်နာလေးနဲ့ အရုပ်မလေးလို ခန္ဓာကိုယ် အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောတစ်ဦး ဖြစ်တဲ့ ဆုအိမ့်စံကတော့ အမြဲချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို ဖမ်းစားထားတဲ့ သူလေးတစ်ယောက်ပါ။

မော်ဒယ်၊မင်းသမီး တစ်ယောက်ဖြစ်တဲ့ ဆုအိမ်စံကတော့ ဒီနေ့မှာလည်း “ပဲပေါက်စီရယ် Milk Tea ရယ် စားသောက်နေသည်ပေါ့”ဆိုတဲ့ စာရေးပြီး အရမ်းကို အသည်းယားစရာကောင်းအောင် ချစ်စရာကောင်းတဲ့ ဓါတ်ပုံလေးတွေကို သူ့ရဲ့ ဖေစ်ဘုတ်မှာတင်ထားပါတယ်။

ဆုအိမ်စံကတော့ ပြီးခဲ့တဲ့လကလည်း ကမ်းခြေကို အလည်အပတ်သွားခဲ့ပြီး ဆုအိမ်စံရဲ့ ကမ်းခြေက ဓါတ်ပုံလေးတွေကတော့ ပရိသတ်တွေကြားထဲမှာ အရမ်းကို ရေပန်းစားနေပါတယ်။ ဆုအိမ်စံကို ချစ်တဲ့ ပရိသတ်တွေအတွက် ဆုအိမ်စံရဲ့ ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Hsu Eaint San