“ည” ရုပ်ရှင်ဇာတ်ကားရဲ့ ဒါရိုက်တာဖြစ်တဲ့ ထူးပိုင်ဇော်ဦးကတော့ “သူစိမ်းအိမ်”ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားနဲ့ ပရိသတ်တွေရှေ့ကို ပြန်လည်ရောက်ရှိလာပါပြီ။ ထိပ်လန့်ခြောက်ခြားစရာကောင်းတဲ့ စိတ္တဇဆန်ဆန် ဇာတ်ကားဖြစ်တဲ့ “ည” နဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိခဲ့တဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးကတော့ “သူစိမ်းအိမ်” ဆိုတဲ့ ရုပ်ရှင်ကားနဲ့လည်း ပရိသတ်တွေရဲ့ စိတ်ဝင်စား အားပေးမှုတွေကို ရရှိဦးမလားဆိုတာကတော့ Trailer ဗီဒီယိုကို ကြည့်လိုက်ရင် ပရိသတ်တွေ ခန့်မှန်းလို့ရမှာပါ။

" #သူစိမ်းအိမ် " ရုပ်ရှင် [[ OFFICIAL TRAILER ]]

***သူစိမ်းအိမ်*** ရုပ်ရှင် [ OFFICIAL TRAILER ]🎬🎬 သြဂုတ်လ (၁) ရက်နေ့တွင် ရုံတင်ပြသပါမည်။ 🎬🎬ဒါရိုက်တာ – ထူးပိုင်ဇော်ဦးလွင်မိုး၊ ထွန်းအိန္ဒြာဗို၊ လင်းဇာနည်ဇော်၊ ဖွေးဖွေး၊မြတ်နိုးအေး၊ ကူးကူးဇင်အောင်၊ ချာလီ၊ ရှိန်းတင်ထူး၊ ဂျိုကာ၊မော်ရိန်းလုဆန်၊ အားကိုးရာဇာတ်ညွှန်း – ခမ်းမွန်Director Of Photography – မောင်မောင်သာမြင့်Produced By GOOD OLD DAYS ရုပ်ရှင်ထုတ်လုပ်ရေး

Posted by သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကား – Stranger's House on Sunday, July 7, 2019

သရုပ်ဆောင်တွေကလည်း သူတို့ရဲ့ ဇာတ်ရုပ်မှာ အချိတ်အဆက်မိမိနဲ့ သရုပ်ဆောင်ထားကြလို့ Trailer နဲ့တင်တော်တော်လေး ကြည့်လို့ကောင်းပါတယ်။

“သူစိမ်းအိမ်” facebook page
“သူစိမ်းအိမ်” facebook page

သူစိမ်းအိမ် ရုပ်ရှင်ကား Trailerအရတော့ ထိတ်လန့်ခြောက်ခြားစရာ စိတ္တဇ ဇာတ်ကားလား သရဲကားပဲလားဆိုတာ ခန့်မှန်းခက်နေသေးပါတယ်။ ဒါပေမဲ့လည်း ခြောက်ခြားစရာဇာတ်လမ်းတွေ ကြိုက်တဲ့ ပရိသတ်တွေအကြိုက်တွေ့မယ့် ဇာတ်ကားကောင်းဆိုတာတော့ သေချာပါတယ်။

“သူစိမ်းအိမ်” facebook page
“သူစိမ်းအိမ်” facebook page

ဒီဇာတ်ကားကိုတော့ သြဂုတ်လ ၁ ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

Source: “သူစိမ်းအိမ်” facebook page