Keanu Reeves ဆိုရင် လူတိုင်းသိကြမှာ မဟုတ်ပေမဲ့ The Matrix (1999–2003) ဇာတ်ကားများနဲ့ John Wick (2014 – 2017 ) ရိုက်ကူးခဲ့တဲ့ မင်းသားဆိုရင်တော့ သိကြမှာ ဖြစ်ပါတယ်။Reeves ရဲ့ ငယ်စဉ်ဘ၀ဟာ ကြမ်းတမ်းမှုများနဲ့ ပြည့်နေပေမဲ့ Reeves ဟာ ဟောလိဝုဒ် သရုပ်ဆောင်တွေထဲမှာ လှူဒါန်းမှု အများဆုံး ပြုလုပ်တဲ့ သရုပ်ဆောင်တစ်ယောက်လည်းဖြစ်ပါတယ်။Reeves ကို ၁၉၆၄ စက်တင်ဘာ ၂ မှာမွေးဖွားခဲ့ပြီး ကနေဒါနိုင်ငံသား သရုပ်ဆောင်၊ထုတ်လုပ်သူနဲ့ ဘေစ်ဂစ်တာ တီးသူတစ်ယောက်လည်း ဖြစ်ပါသေးတယ်။Reeves ဟာ သရုပ်ဆောင်ဘ၀ကို ၁၉၈၅ ခုနှစ်ကတည်းက စတင်လာခဲ့ပြီး ဟာသဇာတ်ကားဖြစ်တဲ့ the Bill and Ted franchise (1989–1991)၊John Wick (2014 – 2017 )၊ Constantine (2005)၊The Matrix (1999–2003) ဇာတ်ကား ၃ ကား စတဲ့ ဇာတ်ကားများရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။

Reeves ဟာ မိသားစု အရှုပ်အထွေးတွေကြားထဲမှာ ကြီးပြင်းလာခဲ့ရတဲ့ သူတစ်ယောက်ဖြစ်ပြီး လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့မှာ မွေးဖွားခဲ့သူတစ်ယောက်ဖြစ်ပါတယ်။မိခင်ဖြစ်သူ ပက်ထရစ်ရှာ ဘွန်းက  ၀တ်စုံဒီဇိုင်းနာတစ်ယောက်ဖြစ်ပြီး ကလပ်တွေမှာ အကမယ်လုပ်သူတစ်ယောက်လည်းဖြစ်ပါတယ်။မိခင်ဖြစ်သူဟာ အင်္ဂလိပ်လူမျိုးတစ်ယောက်ဖြစ်ပေမဲ့ ဖခင်ဖြစ်သူ ဆင်မြူရယ် နိုလင် ရိဗ်ကတော့ အမေရိကန်နိုင်ငံသားဖြစ်ပြီး ပေါ်တူဂီ၊တရုတ်နဲ့ အင်္ဂလိပ်သွေး အနည်းငယ်ပါသူတစ်ယောက်ဖြစ်ပါတယ်။နိုလင်ရိဗ်ဟာ လေဆိပ်မှာ ဟီရိုးအင်းရောင်းခဲ့လို့ထောင်ကျခဲ့သူတစ်ယောက်ဖြစ်ပြီး ပြန်လွတ်လာတဲ့အချိန် ဘေရွတ်မှာ Reeves ရဲ့ မိခင်ဖြစ်သူနဲ့ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။

Reeves အသက် ၃ နှစ်သားအရွယ်မှာ ဖခင်ဖြစ်သူ ဟာ Reeves တို့မိသားစုကို စွန့်ပစ်ခဲ့ပြီး ထိုအချိန်က စပြီး Reeves ဟာ ပထွေးအမျိုးမျိုးနဲ့ ကြီးပြင်းခဲ့ရတာ ဖြစ်ပါတယ်။၁၉၆၆ မှာ Reeves ဖခင်က ထားပစ်ခဲ့ပြီးနောက်ပိုင်းမှာ Reeves မိခင်ဟာ လူတစ်ယောက်နဲ့လက်ထပ်ခဲ့ပြိး ၁၉၇၁ မှာ ကွာရှင်းခဲ့ကြပါတယ်။ထိုအချိန်မှာ စပြီး Reeves ရဲ့ မိခင်ဟာ ခင်ပွန်းစုစုပေါင်း ၅ ယောက်ယူခဲ့ပြီး Reeves ဟာ ကနေဒါနိုင်ငံမှာ ကြီးပြင်းလာခဲ့ပါတယ်။ကနေဒါနိုင်ငံမှာ ကြီးပြင်းခဲ့ပြီး ကျောင်းတတ်ခဲ့ရပေမဲ့ Reeves ဟာ ပညာရေးဘက်မှာ ပါရမီ ပါမလာဘဲ အားကစားဘက်မှာသာထူးချွန်ခဲ့ပါတယ်။Reeves ဟာ သူရဲ့ကျောင်းမှာ အတော်ဆုံး ဟော်ကီကစားသမားတစ်ယောက်ဖြစ်လာခဲ့ပြီး ကနေဒါနိုင်ငံအသင်းအတွက် ဟော်ကီကစားမယ်လို့ စိတ်ကူးယဉ်ခဲ့ပေမဲ့ ဒဏ်ရာရခဲ့လို့ ဟော်ကီ ကစားသမား အိပ်မက်ကို စွန့်လွှတ်ခဲ့ရပါတယ်။နောက်ပိုင်းမှာ ကျောင်းထွက်ခဲ့ပြီး အထက်တန်းပညာရေးကိုလည်း မပြီးဆုံးခဲ့ပါဘူး။
၂၀၀၀ ခုနှစ်မှာ Reeves ရဲ့ ရည်းစားဖြစ်သူ ဂျနီဖာ ဆမ် (Jennifer Syme) ကိုယ်ဝန်ဆောင်ပြီး ကလေး အသေလေးမွေးခဲ့ပါတယ်။ဒီအချက်ကြောင့် Reeves ဟာ စိတ်ထိခိုက်ခဲ့ရပြီး သူတို့နှစ်ယောက်ရဲ့ Relationship ဟာလည်း အဆင်မပြေခဲ့ပဲ လမ်းခွဲခဲ့ကြပါတယ်။၂၀၀၁ ခုနှစ်မှာ  ဂျနီဖာ ဆမ် (Jennifer Syme)  တစ်ယောက် စိတ်ကျရောဂါ ခံစားနေရပြီး ကားမှောက်မှု ဖြစ်ပွားခဲ့လို့ သေဆုံးခဲ့ပါတယ်။ဒီဖြစ်စဉ်ကြောင့်  Reeves ဟာ တော်တော်ကြေကွဲခဲ့ရပါတယ်။
၂၀၁၀ ပြည့်နှစ်ကလည်း Reeves တစ်ယောက်တည်း ပန်းခြံက ခုံတစ်ခုံမှာ စိတ်ပျက်လက်ပျက်ထိုင်နေတဲ့ ပုံဟာ အင်တာနက်တွေမှာ ရေပန်းစားလာခဲ့ပြီး ဒီပုံကို  “Sad Keanu” လို့တောင် နာမည်ပေးခဲ့ကြပါတယ်။
Reeves ရဲ့ ဘ၀ဟာ အင်မတန်ကြမ်းတမ်းတယ်လို့ဆိုရပေမဲ့ Reevesဟာ အလျှူအတန်းရက်ရောတဲ့ လူတစ်ယောက်လည်း ဖြစ်ပါတယ်။သူ့ရဲ့ ညီမ ဖြစ်သူ ကင်ဟာ လူကီမီးယား (leukemia) ရောဂါကို ခံစားနေရသူတစ်ယောက်ဖြစ်ပြီး Reeves ဟာ ကင်ဆာရောဂါသည်အတွက် ဖောင်ဒေးရှင်းတစ်ခု တည်ထောင်ပေးခဲ့ပြီး ဆေးရုံများကိုလည်း ငွေများပြားစွာလျှုခဲ့သူဖြစ်ပါတယ်။Reeves ရဲ့ ဆေးရုံများသို့လျှုဒါန်းငွေဟာ The Matrix ဇာတ်ကား (၃)ကားသရုပ်ဆောင်ရမှာမှ ရတဲ့ ၀င်ငွေ ဒေါ်လာ ၁၁၄ သန်းအနက် သန်း ၈၀ ကို လျှုဒါန်းခဲ့တာဖြစ်ပါတယ်။
Reeves အိမ်ခြေယာမဲ့ လူများနှင့်လည်း ရင်းရင်းနှီးနှီး ဆက်ဆံတဲ့ မင်းသားတစ်ယောက်ဖြစ်ပြီး ၁၉၉၇ ခုနှစ် စက်တင်ဘာလကလည်း Reeves တစ်ယောက် ဟောလိဝုဒ်အနောက်ပိုင်းက အိမ်ယာမဲ့တစ်ယောက်နဲ့ ရင်းရင်းနှီးနှီး အတူထိုင်ပြီး စားသောက်နေတာကို တွေ့ခဲ့ရပါတယ်။၂၀၀၃ ခုနှစ်က အင်တာဗျူးတစ်ခုမှာ ” ပိုက်ဆံဆိုတာ ကျွန်တော်နောက်ဆုံးမှ စဉ်းစားလေ့ရှိတဲ့ အရာတစ်ခုပါပဲ။ကျွန်တော် ဇာတ်ကားတွေရိုက်ထားရာက ရတဲ့ ၀င်ငွေနဲ့ပဲ ရာစုနှစ် နှစ်စု လောက်နေလို့ရပါတယ် ” လို့ Reeves က ပြောခဲ့ဖူးပါတယ်။
Ref : Wiki,Booms Beat
Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။