မတ်လ ၂၇ရက်နေ့မှာ ကျရောက်တဲ့ တပ်မတော်နေ့အတွက် ရည်ရွယ်ပြီး ရိုက်ကူးနေတဲ့ “စစ်ကိုမုန်း်၍ တိုက်ခဲ့သည်” တပ်မတော် ဂုဏ်ပြုဇာတ်ကားမှာတော့ မြန်မာနိုင်ငံရဲ့ နာမည်ကျော် အက်ရှင်မင်းသမီးလေးတစ်ယောက်ဖြစ်တဲ့ ယဉ်လတ်လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

အရင်ကလည်း အက်ရှင်ဇာတ်ကားတော်တော်များများရိုက်ကူးခဲ့တဲ့ ယဉ်လတ်ကတော့ ဒီဇာတ်ကားထဲမှာလည်း စစ်သမီးတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆာင်ထားတာဖြစ်ပါတယ်။ ယဉ်လတ်ကို တစ်ခါမှ မတွေ့ဖူးခဲ့တဲ့ ပုံစံမျိုးကို မကြာခင်မှာတွေ့ရတော့မှာ ဖြစ်တယ်လို့လည်း သူမက ပရိတ်တွေကို ပြောထားပါသေးတယ်။

ဒီဇာတ်ကားမှာတော့ နာမည်ကျော်အနုပညာရှင်များစွာပါဝင်ထားပြီး ကျည်စံအစစ်၊သေနတ်အစစ်တွေကို အသုံးပြုပြီး လေ့ကျင့် ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတစ်ကားလည်း ဖြစ်ပါတယ်။

ယဉ်လတ်ကတော့ ခင်လေးဆိုတဲ့ ဇာတ်ကောင်နေရာကနေ ထူးအောင်နဲ့ အတူ တွဲဖက်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက် အပြင်းအထန်ကြိုးစားနေတဲ့ ယဉ်လတ်ရဲ့ ပုံရိပ်တွေကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Source: Yin Let