မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသား Kang Kyungjoon နဲ့ မင်းသမီး Jang Shinyoung တို့ကတော့ ယနေ့ မေလ ၂၅ရက်နေ့မှာ လက်ထပ်ကြတော့မှာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးက ချစ်သူဘဝကို ၅နှစ်တာ ဖြတ်သန်းခဲ့ပြီး ချစ်သူတွေ ဖြစ်နေကြတယ်ဆိုတဲ့ အကြောင်းကိုတော့ ၂၀၁၃ ခုနှစ်၊ သြဂုတ်လမှာ ပရိသတ်တွေကို ဖွင့်ပြောခဲ့တာဖြစ်ပါတယ်။

ဒီနေ့ဟာဆိုရင်တော့ သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲ ကျင်းပမယ့်နေ့ဖြစ်ပါတယ်။ သတင်းတွေအရ သူတို့ရဲ့ မင်္ဂလာပွဲကို မိသားစုတွေ၊ ရင်းနှီးတဲ့ မိတ်ဆွေတွေကိုပဲ ဖိတ်ကြားပြီး တိတ်တဆိတ်ကျင်းပသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Kang Kyungjoon နဲ့ Jang Shinyoung တို့ဟာ SBS ကိုရီးယားရုပ်သံလိုင်းရဲ့ “Same bed Different Dream” အစီအစဉ်မှာလည်း ပါဝင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေများစွာကိုလည်း ရရှိခဲ့ပါတယ်။

Kang Kyungjoon ကတော့ “Welcome to Waikiki” ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး နိုင်ငံရပ်ခြားမှာရှိတဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။

Source: Kstarlive