Shin Se Kyung နဲ့ Bomi တို့ရဲ့ အိပ်ဆောင်မှာ လျှို့ဝှက်ကင်မရာအတပ်ခံလိုက်ရပါတယ်။Variety Show  တစ်ခုကို ရိုက်ကူးရေးလုပ်ရင်းနဲ့ ဒီလို အဖြစ်မျိုးနဲ့ ကြုံခဲ့ရတာပါ။ဒီအကြောင်းကိုတော့ Allkpop မှာ ဖော်ပြထားပါတယ်။ Kim လို့ ခေါ်တဲ့ အသက် (၃၀) အရွယ် အမျိုးသားဝန်ထမ်းတစ်ဦးက ဒီလို လုပ်ရပ်ကို ကျုးလွန်ခဲ့တာပါ။ Olive TV’ ရဲ့ ‘Food Cart Without Borders’ ဆိုတဲ့ အစီအစဉ်ရဲ့ ၀န်ထမ်းပါ။သူဟာ A Pink အဖွဲ့ ၀င် Bomi   နဲ့ Shin Se Kyung တို့ရဲ့ အိပ်ဆောင်အခန်းထဲမှာ လျှို့ဝှက်ကင်မရာ တပ်ခဲ့တာပါ။

photo – koreaboo
photo – Kpopmap

(၂၀၁၈)ခုနှစ် စက်တင်ဘာလတုန်းက Bomi   နဲ့ Shin Se Kyung တို့ ဟာ နိုင်ငံရပ်ခြားမှာ ပရို ဂရမ် ရိုက်ကူး နေခဲ့ပါတယ်။အဲ့ဒီမှာပဲ အခန်းထဲမှာ ဘက်ထရီလိုပုံစံမျိုးအယောင်ဆောင် ထားတဲ့ လျှို့ဝှက်ကင်မရာ ရှိနေတာကို Shin Se Kyung  က တွေ့သွားခဲ့တာပါ။အမှုရင်ဆိုင်မှုမှာတော့ ထောင်ဒဏ် နှစ် နှစ် ချမှတ် ပေး ဖို့ တောင်းဆိုထားပါတယ်။ ပုဂ္ဂိုလ်ရေး သတင်းအချက်အလက်တွေကို ဖွင့်ချပြမှု နဲ့ ၀န်ထမ်းတွေ လိုက်နာရမယ့် စည်းမျဉ်းစည်း ကမ်း တွေကို ချိုး ဖောက် မှုနဲ့ Kim ကို တရားစွဲ ဆိုထားတာပါ။

photo – pinterest
photo – pinterest

တရားပြိုင် ရှေ့နေဘက်ကတော့ Kim ဟာ နာမည်ကြီး အမျိုးသမီး ဆယ် လီ နှစ်ယောက်ကို ရည်ရွယ် ချက်ရှိရှိနဲ့ လျှို့ဝှက်ကင်မရာ တပ်ဆင်ပြီး တရားမ၀င် ရိုက်ကူးဖို့ ကြိုးစားခဲ့တာဖြစ်ကြောင်း၊ဒါကြောင့်လည်း ဘက်ထရီ နဲ့ တူတဲ့ လျှို့ဝှက်ကင်မရာကို အိပ်ဆောင်မှာ တပ်ဆင်ထား ခဲ့တာလို့  ပြောထားပါတယ်။တရားရုံးမှာအမှုစစ်ဆေးမှု ခံယူနေရင်း Kim ကလည်း သူကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ အတွက် ၀န်ခံခဲ့ပါတယ်။ဇူလိုင် (၁၀) မှာတောာ့ Kim အတွက် ပြစ်ဒဏ်ကို ချမှတ် သွားမှာပါ။

photo – pinterest
Photo Bomi’s IG
Nilar (ShweMOM)