Triple S တွေအတွက် သတင်းကောင်းတစ်ခုဖြစ်ပါတယ်။ SS501 ရဲ့ အဖွဲ့ဝင် (၄)ယောက်ဟာ သူတို့ရဲ့အဖွဲ့ပြန်လည်ပြန်လည် ပေါင်းစည်းဖို့အတွက် ဂျပန်မှာ တွေ့ဆုံခဲ့ကြပါတယ်။ ကျန်တဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Kim Hyung Jun ကတော့ စစ်မှုထမ်းနေဆဲဖြစ်လို့ တွေ့ဆုံပွဲကို မလာနိုင်ခဲ့ပါဘူး။

SS501 ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Park Jung Min က အဖွဲ့ဝင်တွေဟာ ပြန်လည်ပေါင်းစည်းဖို့ကို အရမ်းကို စိတ်အားထက်သန်နေကြပါတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း တိကျတဲ့ အစီအစဉ်တွေတော့ မရှိသေးဘူးလို့ ပြောပြခဲ့ပါတယ်။

SS501 ရဲ့ အဓိကအဆိုရှင်တစ်ယောက်ဖြစ်တဲ့  Young Saeng ကလည်း “ကျွန်တော်တို့ ၂၀၁၈ ဒီဇင်ဘာအကုန်  Kim Hyung Jun လည်း စစ်မှုထမ်းလို့အပြီးမှာ အယ်လ်ဘမ်တစ်ခုထုတ်ဖို့အတွက် ညှိနှိုင်းဖို့တွေ့ဆုံခဲ့ကြပါတယ်”လို့ပြောပြခဲ့ပါတယ်။

SS501 အဖွဲ့ဟာ ၂၀၀၅ ခုနှစ်မှာ စတင်ပွဲဦးထွက်ခဲ့ပြီး ၂၀၁၀ ခုနှစ်ကစပြီးတော့ အဖွဲ့လိုက်လှုပ်ရှားမှုတွေ မရှိသလောက်ကို နည်းပါးခဲ့ပါတယ်။ သူတို့ဟာ အခုအချိန်မှာလည်း သီးခြားအနုပညာအေဂျင်စီတွေနဲ့ အလုပ်လုပ်နေကြတာဖြစ်တဲ့အတွက် SS501 အဖွဲ့ပြန်လည်ပေါင်းစည်းဖို့ဆိုတာ တော်တော်လေး အချိန်ယူရဦးမှာပါ။ Kim Hyung Jun လည်း စစ်မှုထမ်းပြီး ပြန်လာတဲ့အချိန်မှာ SS501 အဖွဲ့ပြန်လည်ပေါင်းဆည်းကြမယ်ဆိုရင်တော့ ဒါဟာ ၉ နှစ်အကြာမှာ သူတို့ရဲ့ ပြန်လည်ပေါင်းစည်းမှုကြီး ဖြစ်ပါတယ်။

Surce: Soompi