တောင်ကိုရီးယားအဆိုတော်အမျိုးသမီး idol အချို့ဟာ ဂီတလောကထဲ မအောင်မြင်ခင်ကတည်းက ချမ်းသာကြွယ်ဝကြပါတယ်။ အောက်ဘက်မှာတော့ ကိုရီးယားလူမျိုးတွေကိုယ်တိုင် မင်းသမီးတွေလို တန်ဖိုးကြီးတယ်လို့ သတ်မှတ်ရတဲ့ idol အချို့ကို koreaboo ကတဆင့်ဖော်ပြပေးလိုက်ပါတယ်။
Lia of ITZY
ချစ်စရာကောင်းတဲ့မျက်လုံးပိုင်ရှင် Lia ဟာ ငွေကြေးပြည့်စုံတဲ့မိသားစုက ဆင်းသက်လာတာပါ။ သူမကတော့ ကျောင်းသွားတက်ဖို့ အမေရိကန်သွားမလား အင်္ဂလန်သွားမလားရွေးချယ်နေရတာပါ။ နိုင်ငံခြားကို တော်ရုံလူကျောင်းသွားတက်ဖို့ဆိုတာ ခက်ခဲပေမယ့် Lia ကတော့ ကုန်ကျစရိတ်နဲ့ပတ်သက်ပြီး အပူအပင်မရှိပါဘူး။
Minnie from (G)I-DLE
Minnie ရဲ့ဦးလေးက ထိုင်းနိုင်ငံမှာ အထင်ရှားဆုံးတေးဂီတပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ Nat Yontararak ပါ။ သူဟာ တောင်ကိုရီးယားကို ပြောင်းမလာခင် Wattana Wittaya Academy မှာကျောင်းတက်ခဲ့ပါတယ်။ အဲ့ဒီကျောင်းက နိုင်ငံတကာ သင်ရိုးညွှန်းတမ်းနဲ့အညီသင်တာဖြစ်လို့ စရိတ်အရမ်းကြီးပါတယ်။ အနည်းဆုံးတော့ သူမမိဘတွေဟာ သာမန်မိသားစုမျိုးမဟုတ်တာ သေချာပါတယ်။
Mina from TWICE
Mina ရဲ့ အဖေက Akira Myoui ပါ။ အိုဆာကာရဲ့အကောင်းဆုံးဆေးရုံတစ်ရုံက ထိပ်တန်းခွဲစိတ်ဆရာဝန်ဖြစ်ပါတယ်။ ဒီလိုငွေရေးကြေးရေးပြည့်စုံမှုဟာ သူမရဲ့အိပ်မက်ဖြစ်တဲ့ ဘဲလေးအကမယ်ဖြစ်ဖို့ အခွင့်အရေးပေးခဲ့တဲ့အပြင် ဂျပန်က မိန်းကလေးသီးသန့်ကျောင်းကိုလည်း တက်ခွင့်ရခဲ့ပါတယ်။ နောက်ပိုင်းကျမှ trainee အဖြစ် JYP Entertainment နဲ့ချိတ်မိသွားတာပါ။
Jennie from BLACKPINK
သူမတို့ မိသားစုကတော့ တော်တော်လေးချမ်းသာတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ Jennie ကိုယ်တိုင်က သူ့မိဘတွေ ဘာအလုပ်လုပ်ကိုင်တယ်ဆိုတာ တရားဝင်ဖွင့်မပြောထားပါဘူး။ သူမကို ဆိုးလ်ရဲ့ဈေးအကြီးဆုံးခရိုင် Chungdamdong မှာ မွေးခဲ့တာပါ။ သူမဟာ နယူးဇီလန်မှာ ပညာသင်ခဲ့ပါသေးတယ်။ Jennie ကို သူမတို့မိသားစုပိုင် Porsche ကားနဲ့အတူ သူ့အမေရဲ့ဗီရိုထဲက ထုတ်လာတာလို့ဆိုတဲ့ Chanel တံဆိပ်ပစ္စည်းတွေအများကြီးသယ်လာတာ တွေ့ခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း K-Pop idol တွေဟာ မိဘတွေချမ်းသာပေမယ့် ၄င်းတို့ရဲ့ training ကာလအတွင်းမှာ အပြင်းအထန်ကြိုးစားပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်လာခဲ့ကြတာ ဖြစ်ပါတယ်။
လင်းလင်း