ဆောင်ဂျွန်ကီနဲ့ ဆောင်းဟေကို တို့ ကွာရှင်းတော့မယ့် သတင်းနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲ အခြေအနေတွေ ကလ ည်း ဆက်တိုက်ဆိုသလို ထွက်ပေါ် ဖြစ်ပွားလျက်ရှိပါတယ်။အခုနောက်ဆုံး Kstarlive မှာ ဖော်ပြ ထားတဲ့ သတင်း တစ်ခုမှာတော့ ဆောင်ဂျွန်ကီရဲ့ ဖခင်က ဆောင်းဟေကိုရဲ့ ပုံတွေကို အိမ်ကနေ ဖယ်ရှားရှင်းလင်း ပစ်ခဲ့ တယ်လို့ ဖော်ြ ပ ထားပါတယ်။ဇူလိုင် (၄)ရက်နေ့က MBC’s ‘Section TV,’ Show မှာတော့ ဆောင်ဂျွန်ကီ က ရဲ့ ဖခင်ဖြစ်သူက Daejeon မှာရှိတဲ့သူ့ရဲ့ အိမ်မှာ ချိတ်ဆွဲထားတဲ့  ချွေးမဟောင်း ဆောင်းဟေကိုရဲ့ ပုံတွေကို ရှင်းပစ်လိုက် ပြီ လို့  ဖော် ပြခဲ့ပါတယ်။

Image : IG/Song Hye Kyo
Image :#SongSongCouple fan page
Image :soompi.

ဆောင်းဟေကိုရဲ့ ပုံ Banners တွေ ကို ဖြုတ်ချပစ်ခဲ့ပြီး ဆောင်ဂျွန်ကီရဲ့ ပုံတွေကိုတော့ ဆက် ပြီး ထားရှိထားတယ် လို့ အဲ့ဒီ Show ရဲ့ ဖော်ပြချက်အရသိရပါတယ်။Producer တွေက ဆောင်ဂျွန်ကီရဲ့ ဖခင်အိမ်ကို လာလည် တဲ့ အ ချိန် မှာတော့ ဆောင်ဂျွန်ကီနဲ့ ဆောင်းဟေကိုရဲ့ စုံတွဲ ဓါတ်ပုံတွေကို ခင်းကျင်းပြသထားတဲ့ အိမ်ရဲ့ အတွင်းပိုင်း  တစ်စိ တ်တစ်ပိုင်းကို ပိတ်ထားပါတယ်။ ဆောင်ဂျွန်ကီနဲ့ ဆောင်းဟေကိုတို့ ကွာ ရှင်းေ တာ့မယ့် အကြောင်းကို ဇွန် (၂၇) ရက်နေ့က ကြေညာလိုက်ပြီးနောက်ပိုင်း နောက်တစ်ရက်မှာပဲ  ဆောင်းဟေကို ရဲ့ ပုံတွေကို ဖယ်ရှားပစ်ခဲ့တယ်လို့ အိမ်နီးချင်းတွေက ပြောခဲ့ပါတယ်။

Image Source: MBC
Image :tvN

အစပိုင်းမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ခဏရပ်နားထားမယ်လို့ ဆောင်ဂျွန်ကီ က ပြော ခဲ့ပေမယ့် အခုတော့  ဇာတ်ကားသစ်ရိုက်ကူးရေးကို ပြန် စ နေပါပြီ။အကြောင်း ကိုတော့ Allkpop မှာ ဖော်ပြထားတာပါ။ရိုက်ကူးနေတဲ့ ဇာတ်ကားရဲ့ နာမည်ကတော့ ‘Victory’ ပါ။ ဇူလိုင် (၄)ရက်နေ့က သတင်းဖော်ပြ ချက်တွေ အရ ဆောင်ဂျွန်ကီ တစ်ယောက် ရိုက်ကူးရေးတွေကို တိတ်တိတ်လေးပြန်စလုပ်နေတယ်လို့ သိရပါတယ်။ ‘Victory’ ကတော့ စိတ်ကူး ယဉ် သိပ္ပံဇာတ်ကား ပါ။ ဒီဇာတ်ကားမှာ ကိုရီးယား အနုပညာရှင်တွေ နဲ့ တခြား နိုင်ငံ တကာ အနုပညာ ရှင် တွေ ပါဝင်ထားပါတယ်။ Richard Armitage ပါဝင်ထားပါတယ်။ (၂၀၂၀)မှာ ပြသမယ်လို့ မျှော်လင့်ရပါတယ်။

Image :twitter/ActiveJoongKi
Image :twitter/ActiveJoongKi
Image :twitter/ActiveJoongKi

#CELENOW