“My Secret Romance”ဇာတ်လမ်းရဲ့ ဇာတ်ဆောင်နှစ်ဦးဖြစ်တဲ့ မင်းသားSung Hoon နဲ့ မင်းသမီး Song Jieun တို့နှစ်ဟာ ချစ်သူတွေဖြစ်ကြပြီဆိုတဲ့ သတင်းတွေကတော့ အင်တာနက်ပေါ်မှာ တော်တော်လေးပျံ့နှံ့နေပြီဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ “My Secret Romance” ဇာတ်လမ်းတွဲ ရိုက်ကူးရင်းနဲ့ ပထမဆုံးတွေ့ဆုံခဲ့ကြတာဖြစ်ပြီး ဇာတ်လမ်းတွဲရိုက်ကူးပြီးတဲ့ နောက်မှာတော့ ချစ်သူတွေအဖြစ်တွေ့ဆုံမှုတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် Sung Hoonရဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံပွဲကိုလည်း Song Jieun က တက်ရောက်ခဲ့ပြီး Sung Hoonကတော့ ဇတ်လမ်းတွဲထဲက သူရဲ့ သူငယ်ချင်းပါဆိုပြီး ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

“My Secret Romance”ရဲ့ ရိုက်ကူးရေးအဖွဲ့သားတွေကလည်း Sung Hoon နဲ့ Song Jieunတို့နှစ်ယောက်ရဲ့ သရုပ်ဆောင်ဆောင်မှုတွေဟာ အရမ်းကို သဘာဝကျပြီး ထူးခြားလွန်းတယ်လို့ ဆိုပါတယ်။

သူတို့နှစ်ဦးရဲ့ အေဂျင်စီတွေကသာ ဒီသတင်းတွေကို အတည်ပြုပေးလိုက်မယ်ဆိုရင် Sung Hoon နဲ့ Song Jieunတို့ဟာ ရိုက်ကွင်းပေါ်ကနေ လက်တွေ့ဘဝမှာ တကယ်အသက်ဝင်လာတဲ့ နောက်ထပ်စုံတွဲတစ်တွဲဖြစ်လာမှာပါ။ ဒါပေမဲ့လည်း Sung Hoonရဲ့ အေဂျင်စီကနေ သူတို့နှစ်ဦးဟာ သူငယ်ချင်းတွေပဲဖြစ်ကြပြီး အဲဒီထက်လည်း မပို၊အဲဒီထက်လည်း မလျောတဲ့ ဆက်ဆံရေးပါလို့ ပြောကြားခဲ့ပါတယ်။ “သူတို့နှစ်ဦးဟာ ဒရာမာရိုက်ရင်းနဲ့ သိခဲ့ကြတာဖြစ်ပြီး တခါတလေတွေ့ကြတဲ့ အခါမှာလည်း အချင်းချင်း စကားစမြည်ပြောရင်းနဲ့ ရင်းနှီတဲ့ သူငယ်ချင်းတွေဖြစ်လာကြတာပါ”လို့ အေဂျင်စီက ပြောကြားခဲ့ပါတယ်။

Source: Koreaboo