Song Ji Hyo ကတော့ Running Man ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အ၀ ရရှိထားသူပါ။ မင်းသမီးတစ်ယောက် အနေနဲ့တင် မဟုတ်ပဲ RM အဖွဲ့ ၀င်တစ်ယောက် အဖြစ်ပါ အာရှတစ်ဝန်းမှာရှိတဲ့ ပရိသတ်တွေရဲ့ အချစ်ကို ရထားတာပါ။ အဖွဲ့ဝင်သစ်(၂) ယောက်ဝင်မလာခင် အရင်တုန်းကဆိုရင်တော့ RM ရဲ့ တစ်ဦးတည်းသော မိန်း ကလေး အဖွဲ့ဝင်ပါ။အဲ့ဒီအချိန်က တစ်ယောက်တည်းသော မိန်းကလေး အဖွဲ့ဝင်ဆိုပေမယ့် ပျော့နွဲ့မနေပဲ ကစား နည်းတွေ မှာ အမျိုးသားေ တွနဲ့ တန်းတူ ကြိုးကြိုးစားစား ကစားတတ်သူပါ။

koreaboo
koreaboo

ဂျီဟိုတစ်ယောက် RM မှာ အဖွဲ့ဝင်တစ်ယောက် အဖြစ် ပါဝင်လာခဲ့တာ (၉)နှစ်လောက် ရှိခဲ့ပါပြီ။ ဂျီဟိုတင်မဟုတ်ပဲ မခိုမ ကပ်ပဲ အမြဲ ကြိုးကြိုးစားစား ကစားတတ်တဲ့ တခြားအဖွဲ့ဝင်တွေမှာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက် ခံစားရတာ၊ ဒဏ် ဖြစ် နေတာ တွေရှိပါတယ်။ဂျီဟိုကတော့ သူမ ခံစားလာခဲ့ရတဲ့ နာကျင်မှု အကြောင်းကို ရေဒီယိုအင်တာဗျူး တစ်ခု မှာ ထုတ် ပြောခဲ့ပါတယ်။ဂျီဟိုက သူမရဲ့ အသက် (၃၀) အခုဆိုရင် သူမရဲ့ အသက် (၃၈) နှစ် တည်းက စတင်လာခဲ့တာလို့ ဆိုပါတယ်။(၉)နှစ်နီးပါး အချိန်ကာလအတွင်းမှာ အပတ်တိုင်းမှာ ဂိမ်းတွေ ဆော့ကစားလာခဲ့ရတာပါ။ ဒါတွေက ကြာ လာတော့ ဒဏ်ဖြစ်ပြီး သူမရဲ့ ခန္ဓာကိုယ် အထူးသဖြင့် ဒူးခေါင်းမှာ ဒဏ်ဖြစ်ခဲ့ပါတယ်။”  အရမ်းပြေးခဲ့တော့ .ဒူးအရမ်း နာတယ်..” ဆိုပြီး ပြောခဲ့ပါတယ်။Running (ပြေးခြင်း) ဆိုတာဟာ Running Man Show ရဲ့ အရေးပါတဲ့ အစိတ် အပိုင်း တစ်ခုပါ။

ပြေးတာ တစ်ခုတည်းတင်မဟုတ်ပဲ သူမဟာ တခြား ပင်ပင်ပန်းပန်း လုပ်ရတဲ့ အရာတွေ..ဥပမာ ခုန်တာ၊ရေထဲကနေ ဘားတန်း ကျော်တာ၊အုတ်တွေကို လက်နဲ့ ခွဲတာ..အစရှိတဲ့ လှုပ်ရှားမှုတွေကိုလဲ လုပ်ရ ပါသေးတယ်။ ဒါ့အပြင် အဖွဲ့ ၀င် အချင်းချင်း ရိုက်ပုတ်ရတာမျိုးလည်း ရှိပါတယ်။

Source koreaboo