ဆောင်းဟေကိုရဲ့ လက်ဝတ်ရတနာ Brand ကြော်ငြာရိုက်ကွင်းနောက်ကွယ်က ပုံရိပ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီ အကြောင်းကိုတော့ Kstarlive မှာ ဖော်ပြထားတာပါ။ သူမဟာ ‘Chaumet,’ ဆိုတဲ့ လက်ဝတ်ရတနာ Brand အတွက် ကြော်ငြာရိုက်ကူးပေးခဲ့တာပါ။ အဲ့ဒီ Brand ရဲ့ နောက် ဆုံးထွက်ရှိလာတဲ့ Josephine collection အတွက် ရိုက်ကူးပေးခဲ့တာပါ။




ဆောင်းဟေကိုကတော့ ရိုက်ကွင်းမှာ ရိုက်ထားတဲ့ ပုံအချောသတ်တွေကပဲ ကြည့်ကောင်းနေတာ မဟုတ်ပါဘူး။ ရိုက် ကွင်း နောက်ကွယ်က ပုံရိပ်တွေကလည်း လုံးဝ Perfect ဖြစ်နေတာ ကို တွေ့ ရမှာပါ။ သူမရဲ့ လန်းဆန်းတက်ကြွတဲ့ ဟန်၊လုံခြုံလှပတဲ့ ၀တ်စုံနဲ့ အတူ လိုက်ဖက်တဲ့ လက်ဝတ်ရတ နာတွေကို ရွေးချယ် ဆင်မြန်း ရိုက်ကူးပေးခဲ့တာပါ။



ရိုက်ကူးမှုရဲ့ အယူအဆ သဘောထား Concept ပြောင်းလိုက်ပြီဆိုတာနဲ့ သူမကလည်း တခြား လှပတဲ့ ဂါဝန်ကို ကို ပြောင်းပြီး မျက်နှာအမူအရာ၊မိတ်ကပ်၊ဟန်ပန်အမူအရာက အစအကုန် ပြောင်း လဲပြီး ရိုက်ကူးပေးနိုင်ခဲ့တာကိုတွေ့ရပါတယ်။ ပေးလိုက်တဲ့ Accessory တွေနဲ့ လိုက်ဖက်တဲ့ အရာ ကို ရွေးချယ်ဝတ်ဆင်သွားနိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။



ဆောင်းဟေကိုရဲ့ လက်ဝတ်ရတနာ ကြော်ငြာဗီဒီယိုဖိုင်
#CELENOW