မင်းသမီးချော Song Hyekyo ကတော့ သူမရဲ့ တည်ငြိမ်ရင့်ကျက်တဲ့ အလှတွေနဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်ပြန်ပါပြီ။

Skincare Brand တစ်ခုဖြစ်တဲ့ Sulhwasoo ကနေ လောလောလတ်လတ်မှာပဲ Song Hyekyoပါဝင်ထားတဲ့ ကြော်ငြာတစ်ခုကို အွန်လိုင်းပေါ်မှာ ဖြန်ချီလိုက်ပါတယ်။ ဒီကြော်ငြာကတော့ သူမရဲ့ (၂၀၁၇)ခုနှစ်၊ အောက်တိုဘာလမှာ ပြုလုပ်ခဲ့တဲ့ လက်ထပ်ပွဲပြီးနောက်မှာ ထွက်လာတဲ့ သူမရဲ့ ပထမဆုံးကြော်ငြာလည်း ဖြစ်ပါတယ်။

သူမရဲ့ ဆံပင်ခွေခွေလေးတွေနဲ့ အပြစ်အနာအဆာ ကင်းတဲ့ သူမရဲ့ မျက်နာလေးကတော့ ပရိသတ်တွေရဲ့ နှလုံးသားတွေကို ဖမ်းစားလိုက်ပြန်ပါပြီ။ ပရိသတ်တွေအတွက် Song Hyekyoရဲ့ ကြော်ငြာအသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Koreaboo