ဆောင်းဟေကိုနဲ့ ဆောင်ဂျွန်ကီတို့ကတော့ တရားဝင်ကွာရှင်းလိုက်ပြီလို့ တရားရုံးဘက်က ကြေညာချက် ထွက်လာပါ တယ်။ ဒီအကြောင်းကိုတော့ Soompi နဲ့ Allkpop သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ဇူလိုင် (၂၂)ရက်နေ့တုန်းက  ကွာရှင်းမယ့် ကိစ္စကို ခုံသမာဓိ စီရင်ဆုံးဖြတ်တဲ့ ကိစ္စကို ဆိုးလ် တရားရုံးမှာ တိတ်တဆိတ် လုပ်ဆောင်ခဲ့ကြောင်း၊ နောက်ဆုံး မှာတော့ နှစ်ဦးကြား စေ့စပ်ညှိနှိုင်းမှု အဆင်ပြေပြီး ဥပဒေအရ တရားဝင် ကွာရှင်းပြီးပြီလို့ တရားရုံးဘက်ကနေ  ကြေညာ ခဲ့တာပါ။အသေးစိတ် အချက်အလ က်တွေကိုတော့ ထုတ်ပြောလို့ မရဘူးလို့ လည်း တရားရုံးက ပြောခဲ့ပါ တယ်။

Image :IG/Song Hye Kyo
Image :IG/Song Hye Kyo
Image :IG/Song Hye Kyo

ဆောင်းဟေကိုရဲ့ အေဂျင်စီဘက် ကတော့ ဒါနဲ့ ပတ်သက်ပြီး ကြေညာခဲ့ပါတယ်။ အေဂျင်စီ UAA က ” မယား စရိတ် (သို့) ပိုင်ဆိုင်မှုခွဲဝေတဲ့ ကိစ္စတွေ မပါပဲ ကွာရှင်းမှု အတွက် ညှိနှိုင်းတဲ့ကိစ္စ အဆုံးသတ် ပြီးစီးခဲ့ ပြီလို့ ပြော ခဲ့ပါတယ်။ “ဟယ်လို UAA ကပါ။ ဒီကနေ့ ဇူလိုင် (၂၂) ရက်နေ့ က ဆိုးလ်တရားရုံးမှာ ဆောင်းဟေကို ကွာရှင်းတဲ့ ကိစ္စ အပြီးသတ် ခဲ့ပါပြီ။ မယားစရိတ်(သို့) ပိုင်ဆိုင်မှုခွဲဝေတာမျိုးတွေ မပါပဲ ပြီးစီးသွားခဲ့ပါပြီ..” လို့ ကြေ ညာ ခဲ့ပါတယ်။ ကွာရှင်းေ တာ့မယ်လို့ ကြေညာထားတဲ့ အချိန်ထိ နှစ်ယောက်သား ရိုက်ကွင်းပေါ်က ပုံတွေနဲ့ လက်ထပ်ထားတဲ့ပုံ ကို IG ကနေ ဖျက်မပစ်သေးပဲ ဆောင်းဟေကိုက ထားခဲ့ပါသေးတယ်။ ဒါပေမယ့် အခုတော့ ဆောင်ဂျွန်ကီနဲ့ နှစ်ယောက်တွဲ ပုံတွေကို သူမရဲ့ IG ကနေ ရှင်းထုတ်ပစ်လိုက်ပါပြီ။

Image:fb/Song Joong Ki fanpage
Image:‘Chaumet’ ‘s IG

ဇွန်လ (၂၇)ရက်နေ့ မှာတော့ ဆောင်ဂျွန်ကီရဲ့ ကိုယ်စားလှယ်ရှေ့နေ Park Jae Hyun က ကွာရှင်းသတင်း နဲ့ ပတ်သက်ပြီး တရားဝင် ကြေညာလိုက်တာပါ။  ဆောင်ဂျွန်ကီကတော့ ”တစ်ယောက်ကို တစ်ယောက် လူသိရှင်ကြား စွပ်စွဲ ရှုတ် ချပြီး အပြစ်တွေဖို့နေမယ့် အစား ဒီကွာရှင်းမှုကို တစ်ယောက်နဲ့ တစ်ယောက် အခင်အမင် မပျက်ပဲ အေးအေးချမ်းချမ်းေ လးပဲ ပြီးသွားဖို့  မျှော်လင့်ကြောင်း၊ ကျတော့်ရဲ့ personal life အကြောင်းကို အသေးစိတ်ေ ဆွးနွေးဖော်ပြ ဖို့ဆိုတာ ခက်ခဲတဲ့ ကိစ္စမို့ ပရိသတ်တွေ အနေနဲ့ နားလည်ပေးကြဖို့  တောင်းဆိုခဲ့ပါတယ်။ ဆောင်းဟေကိုရဲ့ ကိုယ်စား သူမရဲ့ အေဂျင်စီဘက်က ကြေညာချက်မှာတော့ ” ကွာ ရှင်းရတဲ့ အကြောင်းအရင်း ကတော့ တစ်ယောက်နဲ့ တစ်ယောက် ပင်ကိုယ်စရိုက်တွေက အရမ်းကို ကွာခြားနေလို့ပါ..။ ဒီခြားနားချက်တွေကို သူတို့ နှစ်ယောက်လုံးက ကျော်လွှားနိုင်စွမ်းမရှိတော့လို့ ဒီလို ဆုံးဖြတ်ချက်ကို ချဖို့အထိ ဖြစ်လာခဲ့တာလို့ ပြောခဲ့ပါတယ်။

Image:fb/Song Joong Ki fanpage
Image:‘Chaumet’ ‘s IG

#CELENOW (Source :Allkpop/Soompi)