Song စုံတွဲ ကွာရှင်းတော့မယ်လို့ နှစ်ဖက်လုံးက အတည်ပြုလိုက်ပြီးနောက်ပိုင်း သူတို့နဲ့ပတ်သက်တဲ့ နောက်ဆက်တွဲ သတင်းတွေကလည်း ဆက်တိုက်ဆိုသလို ထွက်ပေါ် နေပါတယ်။ ဘယ်တော့မှ လမ်းခွဲ မှာ မဟုတ်တဲ့ သံမဏိ စုံတွဲ လို့ အားလုံးက ထင်ထားခဲ့တာမို့ ကွာရှင်းတော့မယ်ဆိုတဲ့ သတင်းက ပရိသတ်တွေ အဖို့ လုံးဝ မယုံနိုင်စရာ ဖြစ်ခဲ့ပါတယ်။ ဆောင်းဟေကို တစ်ယောက် လက်ထပ်လက်စွပ် မ၀တ်တာကြာနေပြီဆိုတည်းက နှစ်ယောက်ကြား အိမ်ထောင်ရေး အဆင်မပြေဖြစ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေခဲ့တာတော့ ကြာပါပြီ။ ဒီအကြောင်းတွေကိုတော့ Soompi ရဲ့ သတင်းတွေမှာဖော်ပြထားပါတယ်။ ကွာရှင်းတော့မယ့် အကြောင်းကို ဆောင်ဂျွန်ကီရဲ့ဘက်ကနေ အရင်ကြေညာခဲ့ တာပါ။  ဆောင်ဂျွန်ကီရဲ့ ရှေ့နေ က ကွာရှင်းခွင့်တင်ထားတဲ့ အကြောင်းကို ထုတ် ပြောခဲ့တာပါ။ ဆောင်ဂျွန်ကီက ကွာရှ င်းတဲ့ အကြောင်း နဲ့ ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီ နောက်မှာတော့ ဆောင်းဟေကို ကလ ည်း သူမရဲ့ အေဂျင်စီက တစ်ဆင့် ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့တာပါ။

Image:Song Hye Kyo’s IG
Image:Song Hye Kyo’s IG
Image:Song Hye Kyo’s IG

ဆောင်ဂျွန်ကီကရဲ့ ဘက်က ကွာရှင်းဖို့ လုပ်နေတဲ့ အကြောင်း အသိပေးတဲ့ ကြေညာချက် မှာတော့ ပရိသတ်တွေကို တောင်းပန်တဲ့ အကြောင်း နဲ့သူ့အပြစ်ကိုယ့်အပြစ် အပြန်အလှန်အပြစ်လိုက်ဖို့ မနေပဲ ကွာရှင်းတဲ့ ကိစ္စကို အေးေ အးေ ဆးဆေး အခင်အမင်မပျက်ပဲ ပြီးသွားဖို့ မျှော်လင့်တဲ့ အကြောင်းပြောထားပါတယ်။ ဆောင်းဟေကိုရဲ့ ကိုယ်စား ထုတ်ြ ပန်တဲ့ သူမရဲ့ အေဂျင်စီဘက်က ကြေညာချက်မှာတော့ ကွာရှင်းရတဲ့ အကြောင်းအရင်းကိုပါ ထုတ်ပြော ထားပါတယ်။” ကွာ ရှင်းရတဲ့ အကြောင်းအရင်း ကတော့ တစ်ယော က်နဲ့ တစ်ယောက် ပင်ကိုယ်စရိုက်တွေက အရမ်းကို ကွာခြားေ နလို့ ပါ..။ ဒီခြားနားချက်တွေကို သူတို့ နှစ်ယောက် လုံးက ကျော်လွှားနိုင်စွမ်းမရှိတော့လို့ ဒီ လို ဆုံးဖြတ်ချက်ကို ချဖို့ အထိ ဖြစ်လာခဲ့တာပါ.။ ပရိသတ်တွေ အနေနဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို နားလည် ပေးဖို့ တောင်းဆို ချင်ပါတယ်” လို့ ဆောင်းဟေကိုရဲ့ United Artists Agency (UAA)က ပြောပါတယ်။ ကွာရှင်းသတင်းထွက်ပြီးနောက်မှာတော့ ဆောင်းဟေကို တစ်ယောက် ဒရမ်မာဇာတ်ကားသစ်ရိုက်ဖို့ ကမ်းလှမ်းထားတာကို ငြင်းပယ်လိုက်တယ်ဆိုတဲ့ သတင်း ထွက် လာခဲ့ပါတယ်။

Image:Song Hye Kyo’s IG
Image :#SongSongCouple fan page

ပြီးခဲ့တဲ့ လတုန်းက ဆောင်းဟေကိုနဲ့ Joo Ji Hoon တို့ ကို “Hyena”  (ယာယီပေးထားတဲ့ နာမည်) ဒရမ်မာ ကားမှာ ပါဝင် သရုပ်ဆောင်ပေးဖို့ ကမ်းလှမ်းထားပြီး ဆွေးနွေးပြောဆိုမှုတွေ လုပ်နေတယ်ဆိုတဲ့ သတင်းထွက်ပေါ် ခဲ့ပါတယ်။ ဇာတ်ကားသစ်ရိုက်ဖို့ စကားပြောနေတဲ့အကြောင်းကို အတည်ပြု ကြေညာခဲ့တာပါ။ ဇာတ်ကားကတော့ တရားရေးရာ ဇာတ်ကား ဖြစ်ပြီး “My Love from the Star.”  ဇာတ်ကားရဲ့ PD ဒါရိုက်တာ Jang Tae Yoo  ရဲ့  ဇာတ်ကား ပါ။ ဒါပေမယ့် ဇာတ်ကားသစ်ရိုက်ဖို့ ကိစ္စကို ဆောင်းဟေကိုဘက်ကနေ ငြင်းဖို့ ဆုံးဖြတ်လိုက်တဲ့ သတင်း ကတော့ ဇွန် (၂၇) မှာ ထွက်ပေါ်လာခဲ့ပါတယ်။ ဆောင်းဟေကိုက စကမ်းလှမ်းတည်းက ငြင်း ခဲ့တာဖြစ်ကြောင်း၊ဒါပေမယ့် နောက်ပိုင်းမှာတော့ စိတ်ပြောင်းပြီး ကမ်းလှမ်းမှုကို လက်ခံခဲ့ပေမယ့် အခုကျတော့ ရုတ် တရက် ပြီး မရိုက်တော့ဖို့ ဆုံးဖြတ်ခဲ့တာလို့ Ilgan Sports ရဲ့ သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

Image:Song Hye Kyo’s IG
Image :#SongSongCouple fan page

ကွာရှင်းတဲ့ ကိစ္စကြောင့်များ ဇာတ်ကား သစ် ရိုက်ဖို့ကို ငြင်းလိုက်တာလားဆိုပြီး သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ် ။ဒါပေမယ့် ဆောင်း ဟေကိုရဲ့ အေဂျင်စီကတော့ ဒီိကိစ္စနဲ့ ကွာရှင်းတဲ့ ကိစ္စမဆိုင်ပါဘူးဆိုပြီး ငြင်းခဲ့ပါတယ်။ United Artists Agency (UAA) Korea CEO Park Hyun Jung ကိုယ်တိုင် ဒါနဲ့ပတ်သက်ပြီး ပြန်ဖြေရှင်းခဲ့တာပါ။” သူမရဲ့ personal life နဲ့ အလုပ် ကိစ္စနဲ့က ဘာမှ မပတ်သက်ပါဘူး။‘Hyena’ က သူမ ရိုက်ဖို့ ထည့်စဉ်းစားတဲ့ ဇာတ်ကားဇာတ်ညွန်း တွေ အများကြီးထဲက တစ်ခုပါ။ ပြီးတော့ ဒါကို သူမကို မရိုက်ဘူးဆိုပြီး ငြင်းခဲ့ပြီးသားပါ..” ဆိုပြီး ပြောခဲ့ပါတယ်။ဆောင်းဟေကိုရဲ့ အေဂျင်စီဘက်က ဘယ်လိုပဲ ပြန်ဖြေရှင်းဖြေရှင်း ပရိသတ် အများစု ကတော့ ကွာရှင်း တဲ့ ကိစ္စကြောင့် ဇာတ်ကားသစ်ရိုက်ဖို့ ငြင်းခဲ့တာလို့ တစ်ထစ်ချ မှတ်ယူထားကြတယ်။

Image:Song Hye Kyo’s IG
Image :#SongSongCouple fan page

 

#CELENOW