ဆောင်းဟေကို ကတော့ မြန်မာနိုင်ငံက ပရိသတ်တွေ လည်း အရမ်းကို ကြိုက်တဲ့ နာမည်ကြီး ကိုရီးယားမင်းသမီးပါ။ ရုပ်ရည်ချောမောလွန်းလို့ အာရှရဲ့ နတ်မိမယ်လေး ဆိုပြီး တင်စားခံထားရသူပါ။သူမရဲ့ ဖက်ရှင်၊သူမရဲ့ အလှ ကတော့ လုံးဝ ကို အပြစ်ပြောစရာမရှိလောက်အောင်ပါပဲ။Autumn in My Heart (2000) ထဲက အွန်စော ဆိုတဲ့ ဇာတ် ကောင် နဲ့ အာရှတစ်လွှားမှာ နာမည်ကြီးလာခဲ့သူပါ။(1981)ခုနှစ်မှာ မွေးဖွားခဲ့သူဖြစ်ပြီး အသက်ကတော့ (၃၇)နှစ်ပါ။ ဖက်ရှင်ပိုင်းမှာဆိုရင် ဘယ်အချိန်ပဲကြည့်ကြည့် အမြဲတမ်း လန်းနေတဲ့ သူမကတော့ လေဆိပ် ဆင်းတဲ့ ဖက်ရှင် က အစ လုံးဝ Perfect ဖြစ်လွန်းသူပါ။

Image -Song Hye Kyo’s IG
Image -Song Hye Kyo’s IG
Image -Song Hye Kyo’s IG

luggage အကြီးကြီးကို ဆွဲလို့ အဖြူရောင် ကော်လံပါ ရှပ်အကျီင်္ကို ၀တ်ပြီး လေဆိပ်ကို ဆင်းလာတာပါ။သူမရဲ့ အမိုက် စား လေဆိပ် ဖက်ရှင်ကိုတော့ ဆောင်းဟေကိုရဲ့ ဗီယက်နမ် Fan Page မှာ ဝေမျှထားတာပါ။အဖြူရောင် ရှပ်၊ အဖြူရောင် ဦးထုပ်၊အဖြူရော် Face Mask ၊အဖြူဘက် အရောင် အဖျော့ ဘက်ကို သွားတဲ့ ဘောင်း ဘီကို ၀တ် ထားတာပါ။လွယ်ထားတဲ့ အိတ်လေးကလည်း ရိုးရိုးရှင်းရှင်းလေးနဲ့ ချစ်စရာကောင်းတဲ့ ချည်သားအိတ်လို့ ယူဆရ တဲ့ အိတ်လေးပါ။သူမရဲ့ ဖက်ရှင်တိုင်းက ပေါက်တာမို့ မကြာခင်မှာပဲ ဆောင်းဟေကို လွယ်တဲ့ အိတ် ဆိုပြီး  နာမည်ကြီး လာမယ့် အနေအထားပါ။descendants of the sun ဇာတ်ကားထဲမှာ ဆိုရင် သူမလွယ်ထားတဲ့ အိတ်၊၀တ်တဲ့ ဖက်ရှင် ..အားလုံးက နာမည်ကြီးခဲ့တာပါ။

Image – Vietnam Fanpage
Image – Vietnam Fanpage
Image – Vietnam Fanpage
Image – Vietnam Fanpage
Image – Vietnam Fanpage

ဆောင်းဟေကိုကတော့ ပရိသတ်သိထားပြီး ဖြစ်တဲ့ အတိုင်း Autumn in My Heart (2000), All In (2003), Full House (2004), That Winter, the Wind Blows (2013), Descenda nts of the Sun (2016)ဇာတ်လမ်းတွဲ တို့နဲ့ နာမည်ကြီးခဲ့သူပါ။သူမနဲ့ ပတ်ဘို ဂန်တို့ သရုပ်ဆောင်ထားတဲ့ Encounter (2018) ကတော့ ပြသပြီးတာ သိပ်မကြာသေးပါဘူး။ဇာတ်လမ်းတွဲတွေ တင်မဟုတ်ပဲ ရုပ်ရှင်ဇာ တ်ကားတွေ ဖြစ်တဲ့ Hwang Jin Yi (2007), The Grandmaster (2013), My Brilliant Life (2014) ၊ The Queens (2015) တို့ကလည်း နာမည်ကြီးပါတယ်။သူမနဲ့ Descenda nts of the Sun (2016) မှာ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ မင်းသားဆောင်ဂျွန်ကီနဲ့ (၂၀၁၇) အောက်တိုဘာ (၃၁)မှာ လက်ထပ်ခဲ့ပါတယ်။

Image -Song Hye Kyo’s IG
Image -Song Hye Kyo’s IG
Image -Song Hye Kyo’s IG

သူမရဲ့ လေဆိပ်ဖက်ရှင်တစ်ချို့

Image – Vietnam Fanpage
Image – Vietnam Fanpage
Image – Vietnam Fanpage

ref ;wiki

#CELENOW