ဆောင်ဂျွန်ကီနဲ့ ဆောင်းဟေကိုတော့ကတော့ Descendants of the Sun ဇာတ်ကားအတူ ရိုက်ရင်း ဖူးစာဆုံခဲ့ကြတဲ့ စုံတွဲပါ။အဲ့ဒီဇာတ်ကားမှာတည်း သူတို့နှစ်ယောက်ကို လိုက်ဖက်လွန်းလို့ ပရိသတ်တွေက အပြင်မှာပါ တကယ့်စုံတွဲ ဖြစ်သွားဖို့ မျှော်လင့်ခဲ့ကြပါတယ်။ပရိသတ်တွေရဲ့ ဆုတောင်းပြည့်ခဲ့ပြီး သူတို့နှစ်ဦးဟာ (၂၀၁၇) အောက် တိုဘာ (၃၁)မှာတော့ လက်ထပ်ခဲ့ပါတယ်။ဆောင်းဟေကိုရဲ့ အသက်ကတော့ (၃၆)ဖြစ်ပြီး ဆောင်ဂျွန်ကီက (၃၂) ဖြစ် တာကြောင့် အသက် (၄)နှစ်ကွာတဲ့ “မနဲ့မောင်” စုံတွဲပါ။

ဆောင်ဂျွန်ကီနဲ့ ဆောင်းဟေကိုတို့ နှစ်ယောက် လုံးဟာ အနုပညာရှင်တွေဖြစ်တာကြောင့် ဒရမ်မာကားတွေမှာ နမ်းတဲ့ ဇာတ်ဝင်ခန်းတွေ ရိုက်ခဲ့ဖူးပါတယ်။ဆောင်ဂျွန်ကီရဲ့ hottest kiss scenes  ဆိုပြီး နာမည်ကြီးခဲ့တဲ့ အနမ်းဇာတ် ၀င်ခန်းတွေရှိပါတယ်။အနုပညာ စီနီယာတစ်ယောက် အနေနဲ့ ဆိုရင်တော့ ဆောင်းဟေကို အဖို့ ဒီဇာတ်ဝင်ခန်းတွေက ပြဿနာမရှိပေမယ့် ဇနီးတစ်ယောက် အနေနဲ့ ဆိုရင် ဆောင်းဟေကို မကြိုက်လောက်တဲ့၊မုန်းလောက်တဲ့ ဇာတ်ဝင်ခန်းတွေပါ။

(၁) Five Senses of Eros ဇာတ်ကားမှာ ဆောင်ဂျွန်ကီက  Clara ကို နမ်းတဲ့ ဇာတ်ဝင်ခန်း

(၂) Triple ဇာတ်ကားမှာ Min Hyo Rin(Taeyangရဲ့ ဇနီး)နဲ့ နမ်းတဲ့ ဇာတ်ဝင်ခန်း

(၃)The Innocent Man ဇာတ်ကားမှာ  Moon Chae Won ၊  Park Si Yeon တို့နဲ့ နမ်းတဲ့ ဇာတ်ဝင်ခန်း

ဆောင်ဂျွန်ကီ မကြိုက်လောက်တဲ့ ဆောင်းဟေကိုရဲ့ ဇာတ်ဝင်ခန်းတစ်ချို့လည်း ရှိပါတယ်။အဲ့ဒါတွေကတော့…

(၄)Full House ဇာတ်ကားထဲမှာ Rain နဲ့ နမ်းတဲ့ ဇာတ်ဝင်ခန်း

(၅)လီဗြောင်ဟွန်းနဲ့ နမ်းတဲ့ ဇာတ်ဝင်ခန်း

(၆) Worlds Within မှာ Hyun Bin နဲ့နမ်းတဲ့ ဇာတ်ဝင်ခန်း

(၇)That Winter, the Wind Blows မှာ Jo In Sung နဲ့ နမ်းတဲ့ ဇာတ်ဝင်ခန်း

source koreaboo