မင်းသမီး Song Hye Kyo ကတောါ ၂၀၁၉ ခုနှစ်ရဲ့ ကျန်တဲ့ အချိန်တွေနဲ့ နောက်နှစ်သစ်ကို ဘယ်လိုဖြတ်သန်းဖြစ်မယ်ဆိုတဲ့ကြောင်းကို ‘Hong Kong Tatler’ မဂ္ဂဇင်းရဲ့ အင်တာဗျူးမှာ ဖြေကြားပေးခဲ့ပါတယ်။
အင်တာဗျူးမှာတော့ Song Hye Kyo က အရာအားလုံးဟာ အကြောင်းရှိလို့ ဖြစ်ချိန်တန်လို့ ဖြစ်လာတာပဲလို့ ဘဝမှာ ဖြစ်လာတဲ့ ကိစ္စတွေအပေါ်ထားတဲ့ခံယူချက်ကို ပြောပြခဲ့ပါတယ်။

Song Hye Kyo ကတော့ သူမရဲ့ ရှေ့လျှောက်အစီအစဉ်နဲ့ ပတ်သတ်ပြီးတော့လည်း “ဒီနှစ်မှာတော့ ကျွန်မ ကိုယ်ပိုင်အချိန်လေး ယူဖြစ်မှာပါ။ ကိုယ့်အတွက်လည်း အချိန်အနည်းငယ် လိုအပ်ပါတယ်။ နောက်နှစ်မှာတော့ အနုပညာလှုပ်ရှားမှုအသစ် စလုပ်တော့ဖို့လည်း များပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်တော့ မချရသေးပါဘူး” လို့ပြောခဲ့ပါတယ်။

ဒီအင်တာဗျူးကတော့ Song Joong Ki နဲ့ ကွာရှင်းသတင်းထွက်လာပြီးနောက်မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးဖြစ်ပါတယ်။ ဇူလိုင် ၂၂ ရက်နေ့မှတော့ Song Joong Ki နဲ့ Song Hye Kyo တို့ တရားဝင်ကွာရှင်းလိုက်ပြီဖြစ်ပါတယ်။

Source: Sbs star