Song Hye Kyo နဲ့ Song Joong Ki တို့ကွာရှင်းကြတာနဲ့ ပတ်သတ်ပြီး ကောလဟာလတွေ တန်းစီထွက်လာခဲ့တဲ့နောက်မှာတော့ Song Hye Kyo ရဲ့ သူငယ်ချင်းတစ်ယောက်ကနေ အခုလိုမျိုးဖွင့်ဟပြောဆိုလာပြန်ပါတယ်။

song hye kyo instagram
song hye kyo instagram

Song Hye Kyo ရဲ့ သူငယ်ချင်းကတော့ ” Song Hye Kyoက Encounter  ဇာတ်လမ်းအပြီးမှာ ကလေးယူဖို့အတွက် ပြင်ဆင်နေခဲ့တာပါ” လို့ပြောခဲ့တာဖြစ်ပါတယ်။ ဒီသတင်းကတော့ အနုပညာအသိုင်းအဝိုင်းမှာ ပျံနှံ့နေပြီးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တကယ်သာ ကလေးယူဖြစ်ခဲ့ရင် Song Hye Kyoက အနုပညာအလုပ်တွေကနေ တော်တော်ကြာ အနားယူရမှာကြောင့်ဖြစ်ပါတယ်။

song hye kyo instagram

ဒါပေမဲ့လည်း  Song Hye Kyoကတော့  Encounter  ရိုက်ကူးရေးပြီးတဲ့နောက်မှတော့ အနားမယူတဲ့အပြင် နောက်ထပ် အနုပညာလှုပ်ရှားမှုတွေအတွက် ပြင်ဆင်နေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း အနုပညာအသိုင်းအဝိုင်းကလူတွေကတော့ Song- Song စုံတွဲမှာ ပြဿနာရှိနေပြီလို့ ကောက်ချက်ချခဲ့တာဖြစ်ပါတယ်။

song hye kyo instagram

Song Hye Kyo ရဲ့ အေဂျင်စီဘက်ကတော့ ကိုယ်ဝန်ယူမယ့် ကိစ္စနဲ့ ပတ်သတ်ပြီး ဘာမှအတည်ပြုပြောကြားခဲ့ခြင်းမရှိပါဘူး။ Song Hye Kyo  ကတော့ အလုပ်အသစ်တွေလည်း အများကြီး ကမ်းလှမ်းခံထားရပြီး မကြာခင်မှာလည်း လူရှေ့ထွက်ရတဲ့ ပွဲတစ်ပွဲကို တက်ရောက်ဖို့ရှိပါတယ်။

song hye kyo instagram

Source: Koreaboo