Song Hye Kyo နဲ့ Song Joong Ki တို့နှစ်ယောက် တရားဝင် ကွာရှင်းပြတ်စဲပြီးနောက်မှာတော့ Song Hye Kyo ဟာ သူမရဲ့ အင်စတာဂရမ်အကောင့်မှာ Song Joong Kiနဲ့ နှစ်ယောက်အတူ တွဲရိုက်ထားတဲ့ ဓါတ်ပုံတွေကို ရှင်းထုတ်ပစ်လိုက်ပါပြီ။ သူတို့ရဲ့ မင်္ဂလာဆောင်ဓါတ်ပုံကိုပါ ဖျက်ပစ်လိုက်တာဖြစ်ပါတယ်။

koreaboo

Song Hye Kyo ကတော့ အင်စတာဂရမ်ကို သိပ်ပြီး အသုံးပြုလေ့မရှိပေမယ့် အသုံးပြုတဲ့အခါလည်း သူမရဲ့ အလှဆုံးဓါတ်ပုံတွေကို ပရိသတ်တွေကို မျှဝေပေးလေ့ရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

koreaboo

Song Hye Kyo နဲ့ Song Joong Ki တို့ကတော့ လက်ထပ်ပြီး လ၂၀ အကြာမှာ ကွာရှင်းပြတ်စဲလိုက်ကြတာဖြစ်ပါတယ်။ နှစ်ဖက်စလုံးကတော့ ကောင်းကောင်းမွန်မွန်ပဲ အဆုံးသတ်ချင်ကြပြီး တစ်ယောက်နဲ့တစ်ယောက်ကိုလည်း အနှောင့်အယှက် မဖြစ်စေချင်ကြပါဘူး။ ပရိသတ်တွေကတော့ အခုအချိန်အထိ သူတို့နှစ်ယောက်ကြားမှာ ဘာပြဿနာဖြစ်ခဲ့လဲဆိုတာ သိချင်နေကြဆဲဖြစ်ပါတယ်။

koreaboo

လက်ရှိမှာတော့ Song Joong Ki နဲ့ Song Hye Kyo နှစ်ယောက်လုံးက အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေကြပြီဖြစ်ပါတယ်။

Source: Koreaboo