Sports Chosunသတင်းမီဒီယာကနေ ရေးသားပုံအရတော့ Song Hye Kyo နဲ့ Song Joong Kiနှစ်ယောက်ဟာ မင်္ဂလာဆောင်ပြီး ၁၁လအကြာမှာ အိမ်ခွဲနေခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။ Song Joong Ki နဲ့ ပတ်သတ်ဆက်နွယ်တဲ့သူတစ်ယောက်ပြောပုံအရတော့ Song Joong Kiဟာ Arthdal Chronicles စတင်ရိုက်ကူးတဲ့အချိန် စက်တင်ဘာလလောက်မှာ အတူနေတဲ့ အိမ်ကနေ ထွက်သွားခဲ့တာဖြစ်ပါတယ်။

Song Joong Ki ကတော့ သူနဲ့ ရင်းနှီးတဲ့ ဆယ်လီသူငယ်ချင်းနဲ့အတူ လက်ရှိမှာ နေနေတာဖြစ်တယ်လို့လည်း အဲဒီလူက ပြောခဲ့ပါတယ်။

Song Hye Kyo နဲ့ Song Joong Ki တို့နှစ်ယောက်မှာ ရှိနေခဲ့တဲ့ အဆင်မပြေမှုကတော့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်ကတည်းက အစပျိုးနေခဲ့တဲ့ ပုံပါပဲ။ သတင်းအချိုကလည်း Song Hye Kyo လက်ထပ်လက်စွပ်မဝတ်ထားတဲ့အကြောင်းနဲ့ ပတ်သတ်ပြီး ဖေါ်ပြခဲ့ပါတယ်။

သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးကတော့ ၁နှစ်နဲ့ ၈လအကြာမှာ အဆုံးသတ်တော့မှာဖြစ်ပါတယ်။
Source: KOreaboo