မင်းသမီးချော ဆောင်းဟေကိုရဲ့ ဇာတ်ကားသစ်တွေကို မျှော်နေတဲ့ ပရိသတ်တွေ အတွက်တော့ ဆုတောင်း ပြည့်ခဲ့ပါပြီ။ ဆောင်းဟေကို အိမ်ထောင်ကျပြီး နောက်ပိုင်းသူမရဲ့ ပထမဆုံး ဒရမ်မာကားကို ရိုက်ကူးဖို့ လက်ခံ လိုက်ပါပြီ။ ဒီကားမှာတော့ မင်းသား ပတ်ဘိုဂန်နဲ့ အတူ တွဲဖက်သရုပ်ဆောင်သွားမှာဖြစ်ပြီး ဒါဟာ သူတို့ နှစ်ယောက် ပထမဆုံး အကြိမ် အတူတူ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားဖြစ်လာမှာပါ။

pinterest

နှစ်ယောက်လုံးက အစပိုင်းတုန်းက ကမ်းလှမ်းချက်ကို စဉ်းစားနေတုန်းဖြစ်ပြီး အခုအချိန်မှာတော့ လက်ခံ လိုက် တာ ပါ။ဆောင်းဟေကိုက ဒီကားမှာ Cha Soo Hyun နေရာကနေ သရုပ်ဆောင်သွားမှာဖြစ်ပြီး လူချမ်းသာ ရဲ့ ချွေး မ တစ်ယောက် ဖြစ်ခဲ့ဖူးသူပါ။ပတ်ဘိုဂန်ကတော့ Kim Jin Hyuk ရဲ့ နေရာကနေ သရုပ်ဆောင်သွားမှာဖြစ်ပြီး ငွေကြေး ချို့တဲ့ ရုန်းကန်နေရပြီး ကိစ္စသေးသေးမွှားမွှားလေးတွေကနေ ပျော်ရွှင်မှုကို ဘယ်လိုရှာဖွေ ရမလဲ ဆိုတာကို သိနေသူပါ။

pinterest
pinterest
Boyfriend’ ကတော့ အရာရာ ပြည့်စုံနေတယ်လို့ ထင်ရတဲ့ မိန်းမတစ်ယောက်နဲ့ နာမည်ကလွဲရင် ပိုင်ဆိုင်မှုဆိုလို့ ဘာမှ မရှိတဲ့ ယောက်ျားတစ်ယောက်ရဲ့ အကြောင်းပါ။’My Annoying Brother’ နဲ့ ‘No Breathing’. ကို ရေးသား ခဲ့တဲ့ Yoo Young Ah ကဒီကားကို ရေးသားထားတာပါ။Boyfriend ကိုတော့ tvN ကနေ ဒီနှစ် ဒုတိယ  နှစ်ဝက်လောက်မှ စပြီး ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။
pinterest
pinterest
Source allkpop