Son Ye-jin က တော့ Crash Landing on You ဇာတ်ကား ဇာတ်သိမ်းခန်း နောက်ဆုံး Scene တွေ နဲ့ ပတ်သက် ပြီး ထုတ်ပြောခဲ့တဲ့ အ ကြောင်းကိုတော့ Asia One မှာ အခုလို ဖော်ပြထားပါတယ်။ဇာတ်ကားကို သေချာ သတိထားကြည့်မိတဲ့ ပရိသတ်တစ်ချို့က တော့ ဒါကို သတိားမိ ကြမှာပါ။

ဇာတ်သိမ်းခန်း နောက်ဆုံး နှစ်မိနစ်လောက်မှာ ပြခဲ့တဲ့ အခန်းတွေပါ။ဒီအခန်းတွေ မှာ တွေ့ရတဲ့ နောက်က ရှုခင်းတွေ က တကယ့် အစစ်တွေ မဟုတ်ပါဘူး။နောက်မှာပါတဲ့ ကန် ၊တောင်တန်းတွေ က တော့ CGI နည်းပညာ အကူအညီနဲ့ ထည့်ထားတာပါ။

Son Ye-jin က  ဂျပန် မဂ္ဂဇင်း AERA နဲ့ အင်တာဗျူးမှာ ထုတ်ပြောခဲ့တာပါ။ဆွစ်ဇလန် အခန်းတွေ က ဇာတ်ကား အစ မှာတည်းက ရိုက်ထားခဲ့တာတွေ ပါ။”နောက်ဆုံး Scene အတွက် အ ကောင်းဆုံး ဖြစ် အောင် ကျ မ ရိုက်ထားခဲ့တယ်။ဒါပေမယ့် Se-ri နဲ့ Jeong-hyeok တို့ လမ်းခွဲကြ၊ပြန် ဆုံ ကြတဲ့ Scene တွေ အများကြီးကိုလဲ ရိုက်ပြီး ရော ခံစားချက်တွေက ပိုနက်ရှိုင်း တယ်ဆိုတာကို သိလာ တယ်။အဲ့ မှာပဲ ဆွစ်ဇလန် နောက်ခန်းရှုခင်း ပုံတွေကို ပြန်ရိုက်ခဲ့တာပါ။

ရှုခင်းတွေ က တော့ computer graphics နဲ့ ထည့်ထားတာတွေပါ..” လို့ ပြောခဲ့ပါတယ်။ပုံ တွေ ထဲမှာတော့ သူမ ၀တ်ထားတဲ့ အ၀တ်အစားတစ်ခုက ဇာတ်ကားထဲမှာ လုံးဝ ၀တ်မထားရ သေးပဲ နောက်တစ်ထည် က တော့ ၀တ်ပြီးသား ဆိုတာကို ပါ သေချာ သတိထားကြည့်ရင် တော့ တွေ့ရမှာပါ။

#CELENOW