ကင်မ်ဆူဟျွန်းဟာ ပြီးခဲ့တဲ့ အပတ်က မီဒီယာတွေ ပရိသတ်တွေကို အသိမပေးပဲ စစ်မှုထမ်းဖို့သွားခဲ့ပါတယ်။

စစ်မှုထမ်းတာဝန်တွေကို မထမ်းဆောင်ခင်မှာ ကင်မ်ဆူဟျွန်းဟာ စစ်သားအသစ်တွေကို လေ့ကျင့်ရေးပေးတဲ့ စခန်းမှာ ၅ပတ်ကြာ လေ့ကျင့်ရေးဆင်းပြီးမှ စစ်တပ်တာဝန်ကို ၂၁လကြာ ထမ်းဆောင်ရမှာဖြစ်ပါတယ်။

ကင်မ်ဆူဟျွန်းရဲ့ စစ်တပ်ထဲကဓါတ်ပုံ တစ်ပုံ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ ပြီးနောက် သူ့ပိရိသတ်တွေကတော့ ကင်မ်ဆူဟျွန်းကို ပိုပြီးတော့တောင် ယောက်ျးဆန်လာတယ်လို့ ချီးကျူးနေကြပါတယ်။

ကင်မ်ဆူဟျွန်းကတော့ ၂၀၁၉ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့အထိ စစ်တပ်မှာ တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

Wint(Cele Now)

source: KOREABOO

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။