စိုးမြတ်နန္ဒာနဲ့ စိုးသူတို့ နှစ်ဦးကတော့ အချစ်ခရီးလမ်းကို အတူတူလျှောက်လှမ်းလာကြတာ ချစ်သူသက်တမ်း (၅)နှစ်တောင် ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကတော့ အစပိုင်းမှာ  အိမ်ထောင်ရေး အရှုပ်အရှင်း ပြဿနာတွေကြောင့် ပရိသတ်အချို့ရဲ့ ဝေဖန်မှုတွေကို ခံခဲ့ရပါတယ်။

စိုးမြတ်နန္ဒာနဲ့ စိုးသူတို့နှစ်ဦီးကတော့ ဝါသနာတူ၊ စိတ်တူ ကိုယ်တူ စုံတွဲတစ်တွဲဖြစ်လို့ ပရိသတ်တွေ ချစ်ခင်အားပေးကြတဲ့ အနုပညာစုံတွဲတစ်တွဲလည်း ဖြစ်ပါတယ်။ စိုးသူကတော့ ချစ်သူသက်တမ်း (၅)နှစ်ပြည့်မှာ စိုးမြတ်နန္ဒာနဲ့အတူ ရိုက်ထားတဲ့ ဓါတ်ပုံကို သူရဲ့ ဖေ့စ်ဘုတ်မှာ တင်ထားပြီး ‘Happy Anniversary for 60 months “I Love You” လို့ရေးပြီး တင်ထားတာဖြစ်ပါတယ်။

ပရိသတ်တွေကလည်း သူတို့နှစ်ဦးရဲ့ အချစ်သက်တမ်း လ(၆၀) ပြည့်အတွက် ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြပါတယ်။

Source: Soe Thu