သရုပ်ဆောင်ပညာရပ်မှာသာမက အဆိုပညာရပ်မှာပါ ထူးချွန်တဲ့ မင်းသမီးချောလေး စိုးပြည့်သဇင်တော့ ပရိသတ်တွေတိုင်းရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားတဲ့ အောင်မြင်တဲ့ အနုပညာရှင်လေးတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ တောင်ကိုရီးယားမှာ ကျင်းပတဲ့ မြန်မာတို့ရဲ့ သင်္ကြန်ပွဲမှာလည်း သွားရောက်ဖော်ျဖြေပေးခဲ့ပါသေးတယ်။

တောင်ကိုရီးယားမှာ ကျင်းပတဲ့ မြန်မာတို့ရဲ့ သင်္ကြန်ပွဲကတော့ ဧပြီလ (၂၂)နေ့မှာ စည်စည်ကားကား ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီပွဲလေးကို သွားရောက်ဖော်ျဖြေခဲ့တဲ့ စိုးပြည့်သဇင်ကတော့ ကိုရီးယားရောက် မြန်မာလူမျိုးတွေရဲ့ အားပေးမှုတွေကို တခဲနက်ရရှိခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ တခဲနက်အားပေးဝန်းရံမှုကို ရရှိခဲ့တဲ့ အဆိုတော်၊မင်းသမီးချောလေး စိုးပြည့်သဇင်ရဲ့ ဖျော်ဖြေမှုပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Soe Pyae Thazin