မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ ပရိသတ်ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါ။အနုပ ညာလောကမှာ နာမည်ကြီးတဲ့ စိုးညီအစ်မတွေ ထဲကမှ အငယ်ဆုံးလေးပါ။လူသာမငယ်ပေမယ့် ပညာမငယ်တဲ့ သူမဟာ အကယ်ဒမီဆု ဆွတ်ခူးရရှိထားသူပါ။ရိုးသားပြီး အေးအေးဆေးဆေးပဲ နေတတ်သူလေးမို့ Anti- Fan မရှိသလောက်ကို နည်းပါတယ်။အနေအေးပြီးချစ်စရာကောင်းတဲ့ သူမရဲ့ အပြုအမူလေးတွေ ကြောင့် ပရိ သတ်တွေက အချစ်ပိုနေရတဲ့ မင်းသမီးဆိုလည်း မမှားပါဘူး။



ပရိသတ်တွေရဲ့ အချစ်တော် လေး စိုးပြည့်သဇင်ကတော့ သူမရဲ့ အကောင့်မှာ ဇွန်လ (၁၀)ရက်နေ့က ပုံအသစ်လေး တွေ တင်ထားပါတယ်။ပြက္ခဒိန်ရိုက်ကူးတုန်းက ပုံလေးတွေပါ။ရိုက်ကူးရေးကိုတော့ ပြည်သူချစ်မင်းသားချော နှစ်ေ ယာက် နဲ့ အတူ လုပ်ခဲ့တာပါ။မင်းသားချောဟိန်းဝေယံ၊အောင်ရဲလင်းတို့နဲ့ အတူ ရိုက်ခဲ့တာပါ။



“2020..Calendar အတွက်ရိုက်ကူး..
Photo Moe ko Oo
Make up အမရာ လင်း..
ဆိုပြီး စိုးပြည့်က သူမရဲ့ အကောင့်မှာ တင်ထားပါတယ်။


အောင်ရဲလင်းနဲ့ ကတော့ ပန်းရောင်သတို့ သား၊သတို့သမီးပုံလေး တွေ ရိုက်ဖြစ်ခဲ့တာပါ။ဟိန်းဝေယံ နဲ့ ပုံမှာတော့ ချစ်သူ စုံတွဲတွေလို ပုံမျိုးလေးရိုက်ခဲ့တာပါ။စိုးပြည့်ကတော့ ခရမ်းရောင် မြန်မာဝတ်စုံလေးကို ၀တ်ထားပြီး ဟိန်း ဝေယံ ကတော့ ဘောင်းဘီအနက်နဲ့ အပေါ်မှာ အစိမ်းရောင်ကုတ်အကျီင်္ကို တွဲဖက်ဝတ်ဆင်ထားတာကို တွေ့ရပါတယ်။


Source စိုးပြည့်သဇင်