ပရိသတ်တွေချစ်တဲ့ အနုပညာရှင်ညီအစ်မနှစ်ယောက်ဖြစ်တဲ့ စိုးပြည့်သဇင်နဲ့ ဒီဒီးတို့ကတော့ တစ်ယောက်နဲ့တစ်ယောက်အရမ်းကို ချစ်ကြပြီး အနုပညာအလုပ်တွေမှာလည်း အချင်းချင်း အားပေးချစ်ခင်ကြတဲ့ ညီအစ်မနှစ်ယောက်ဖြစ်ပါတယ်။ ဒီညီအစ်မနှစ်ယောက်ထဲက ဒီဒီး ကတော့ မတ်လ(၁၁)ရက်နေ့ က  ထိမ်းမြားလက်ထပ်သွားခဲ့ပြီဖြစ်ပါတယ်။

ချစ်ရတဲ့ အစ်မဖြစ်သူ မဒီးရဲ့ မင်္ဂလာဆောင်မှာတော့ စိုးပြည့်သဇင်ဟာ မင်္ဂလာပန်းကြဲတဲ့သူ အဖြစ်ဆောင်ရွက်ပေးခဲ့ပြီး မင်္ဂလာ ညစာစားပွဲမှာလည်း အစ်မဖြစ်သူအတွက် မင်္ဂလာသီချင်း သီဆိုဖျော်ဖြေပေးခဲ့ပါသေးတယ်။

အမြဲချစ်စရာပုံရိပ်တွေနဲ့ ပရိသတ်တွေကို ဖမ်းစားထားတတ်တဲ့ စိုးပြည့်သဇင်ကတော့ ဒီဒီးရဲ့ မင်္ဂလာညစာစားပွဲမှာလည်း ရွှေရောင်နဲ့ အမဲရောင်ရောစပ်ထားတဲ့ ဝတ်စုံလေးနဲ့ ချစ်စရကောင်းလွန်းနေပြန်ပါတယ်။ ပရိသတ်တွေအတွက် စိုးပြည့်ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Soe Pyae Thazin