ပရိသတ်တိုင်းချစ်ကြတဲ့ အဆိုတော်၊မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ စိုးပြည့်သဇင်ကတော့ သူမရဲ့ ဖေ့စ်ဘုတ်ကို ဟက်နေတဲ့ သူတွေရှိတဲ့ အကြောင်းကို သူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ အသိပေးလာပါတယ်။

သူမကတော့”အားလုံးကိုအသိပေးချင်ပါတယ်စိုးပြည့်ရဲ့အကောင့်ကိုဒီနေ့hackနေပါတယ်……မဟုတ်တာတွေရေးသားပြောဆိုနေခဲ့လျှင်စိုးပြည့်မဟုတ်ပါဘူးရှင်…..အေးရာအေးကြောင်းအကောင့်ထဲကသူငယ်ချင်းတွေနဲ့ပျော်ပျော်ရွှင်ရွှင်နေနေတာပါရှင်”လို့ရေးသားထားပြီး သူမရဲ့ အကောင့်မှာ တစ်စုံတစ်ရာ မူမမှန်တာတွေ ဖြစ်ပေါ်ခဲ့ပါက ပရိသတ်တွေအနေနဲ့ အထင်မလွဲကြဖို့ကိုလည်း ရေးသားထားပါတယ်။

ဒါ့အပြင် သူမရဲ့ အကောင့်ကို တစ်ခြားသူတစ်ဦးက ဝင်ရောက်ရန်ကြိုးစားနေလို့လည်း စိုးပြည့်သဇင်က “ဘာများအကျိုးရှိလို့လဲရှင်” ဆိုပြီးရေးသားထားပါသေးတယ်။ ပရိသတ်တွေကတော့ စိုးပြည့်သဇင်ရဲ့ ဖေစ်ဘုတ်အကောင့်လေး အဟက်ခံရမှာ အရမ်းကို စိုးရိမ်နေကြပါတယ်။

Source: Soe Pyae Thazin