အသံချိုချိုလေးနဲ့ သီချင်းတွေတတ်တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးတစ်ဦးဖြစ်တဲ့ စိုးပြည့်သဇင်ဟာ ပြည်သူချစ်တဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ (၂၀၀၉)ခုနှစ်မှာ ” မိုးည အိပ်မက်မြူ ” ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးဇာတ်ပို့မင်းသမီး အကယ်ဒမီဆုကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။

ပရိသတ်အချစ်တော် မင်းသမီးလေး စိုးပြည့်သဇင်ဟာ ဖေ့ဘုတ်ပေါ်မှာလည်း ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်အောင် မကြာခဏပို့စ်တင်လေ့ ရှိသူတစ်ဦးပါ။ သူမရဲ့ လုပ်ငန်းခွင့် ရှုတင်ပေါ်က အကြောင်းတွေကိုရော၊ မိသားစုနဲ့အတူ သွားလာ လှုပ်ရှားပုံတွေပါ ပို့စ်တင်လေ့ရှိတတ်ပါတယ်။ မကြာခင်မှာလည်း စိုးပြည့်ပါဝင်သရုပ်ဆောင်ထားတဲ့ “ဇနီးချော များကွန်ယက်” ရုပ်သံဇာတ်လမ်းတွဲက ထုတ်လွှင့်တော့မှာပါ။

မနေ့ကလည်း စိုးပြည့်သဇင်ဟာ သူမရဲ့ အစ်မတွေဖြစ်တဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင့်(ဒီဒီး)တို့နဲ့အတူ ပျော်ပျော်ပါးပါး ကာရာအိုကေသွားဆိုခဲ့တာကို သူမရဲ့ ဖေ့ဘုတ်ပေါ်မှာ live လွှင့်ပြီးတင်ခဲ့ပါတယ်။ ပရိသတ်တွေက ချစ်စနိုးနဲ့ “စိုး”ညီအစ်မတွေလို့ နာမည်ပေးထားတဲ့ စိုးပြည့်တို့ ညီအစ်မတစ်သိုက်ကတော့ အရမ်းပျော်ရွှင်နေကြပုံပါပဲ။ ပို့စ်မှာတော့ “မိသားစုဆုံတဲ့ညပေါ့နော်….အမျိုးတွေစုပြီးသီချင်းဆိုကြစားကြနဲ့ပျော်စရာအရမ်းကောင်း😍😍😍😍” လို့ Caption ထိုး ထားပါတယ်။

ပရိသတ်တွေလည်း မိသားစုဝင်တွေကို သီချင်းဆိုပြနေတဲ့ စိုးပြည့်ရဲ့ ဗီဒီယိုဖိုင်လေးကို ကြည့်လိုက်ပါဦးနော်…. ။

မိသားစုဆုံတဲ့ညပေါ့နော်….အမျိုးတွေစုပြီးသီချင်းဆိုကြစားကြနဲ့ပျော်စရာအရမ်းကောင်း😍😍😍😍

Posted by Soe Pyae Tha Zin-စိုးပြည့်သဇင် on Tuesday, 5 June 2018

 

Source: Soe Pyae Tha Zin