ဂရုချက်ကိစ္စပြီးနောက်မှာတော့ ဂရုချက်မှာ ပါဝင်ခဲ့ကြတဲ့ အနုပညာရှင်တွေဟာ ဖေ့စ်ဘုတ်ဟက်ကာတွေဆီကနေ ဆက်တိုက်ကို အဟက်ခံနေရတာ ဖြစ်ပါတယ်။ ဒီဂရုချက်ကိစ္စထဲမှာ ပါဝင်ခဲ့တဲ အနုပညာရှင်တစ်ဦးဖြစ်တဲ့ စိုးမြတ်နန္ဒာကတော့  သူမအကောင့်ကို ဟက်မယ်လို့ ပြောထားတဲ့ ဟက်ကာတွေကို ဧပြီလ ၁ရက်နေ့က အခုလိုပဲ နောက်ပြောင်လိုက်ပါတယ်။

“ဟို ပေါဟက်ကာ လေးတွေ မဟက်နိုင်တော့လို့ အောက်က ဟက်ကာပုံ နဲ့ လူတွေကို မေးလ် နဲ့ PW ပေးလိုက်ပါပြီ …
ဒီ ပေ့ခ်ျ ကို သူတို့ပဲ ဆက်သုံးပါတော့မယ်လို့စ် ” ရေးသားထားပြီး သူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ ပရိသတ်တွေကို April Fool လုပ်လိုက်တာဖြစ်ပါတယ်။

စိုးမြတ်နန္ဒာကတော့ သူရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ ပျော်ပျော်ပါးပါးနဲ့ နောက်ပြောင်ထားတဲ့ ပိုစ့်တစ်ခုကိုလည်း အခုလိုပဲ တင်ထားပါသေးတယ်။

Source: Soe Myat Nandar