ပရိသတ်တွေရဲ့ အားပေးမှုတွေရရှိထားတဲ့ အနုပညာရှင်စုံတွဲတစ်တွဲဖြစ်တဲ့ စိုးမြတ်နန္ဒာနဲ့ စိုးသူတို့ကတော့ ဘုရားသွား၊ကျောင်းတက်လည်းအတူ အမြဲတွဲတွေ့ရလေ့ရှိတဲ့ စုံတွဲဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဝါသနာတူ၊ စိတ်တူကိုယ်တူလည်း ဖြစ်လို့  လိုက်ဖက်တဲ့ စုံတွဲလေးလည်း ဖြစ်ပါတယ်။

ဖေ့စ်ဘုတ်ပေါ်မှာ နှစ်ယောက်တွဲပုံရိပ်လေးတွေမကြာခဏတင်လေ့ရှိတဲ့ စိုးမြတ်နန္ဒာကတော့ ဒီကနေ့မှာ လကုန်ကစပြီး အလုပ်တွေရှုပ်တော့မယ့် အကြောင်းလေးကို သူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ တင်ထားပါတယ်။ စိုးမြတ်နန္ဒာက ကလေးတွေအတွက်လည်း အလုပ်ရှုပ်တော့မယ့်အပြင် အလုပ်ကိစ္စတွေကြောင့်လည်း မအားလပ်တော့မယ့် အကြောင်းကိုရေးထားတာပါ။ ဒါ့အပြင် မကြာခင်မှာ ရုပ်ရှင်ရိုက်ရတော့မယ့် စိုးသူအတွက် တောက်တိုမယ်ရလုပ်ပေးရတော့မယ်လို့လည်း ရေးထားပါတယ်။

စိုးမြတ်နန္ဒာကတော့ ငွေကြေးမတက်နိုင်သူတွေအတွက် သူမ တတ်တဲ့ ပညာတွေကို မျှဝေပေးသွားပါဦးတယ်လို့လည်း ဆိုပါတယ်။ ပရိသတ်တွေကတော့ အလုပ်တွေရှုပ်နေမယ့် ဒါဒါကို ဖေ့စ်ဘုတ်ပေါ်မှာ တွေ့ရခဲသွားမှာဖြစ်လို့ ပုံမတင်လည်း ဒါဒါကို အမြဲသတိရပေးလိုက်ကြပါဦးနော်။

Source: Soe Myat Nandar