သရုပ်ဆောင် မင်းသမီး စမိုင်းလ်နဲ့ သူမရဲ့ ခင်ပွန်းသည် ကိုပြည့်မောင် တို့ကတော့ အလှူရေစက် လက်နဲ့ မကွာ တဲ့ မိသားစုလေးပါ။အခုရက်ပိုင်းမှာလည်း ဆက်တိုက်ဆိုသလို အလှူတွေ ပြုလုပ်နေတာကိုတွေ့ရပါတယ်။မင်းသမီး စမိုင်း လ်နဲ့ သူမရဲ့ မိသားစုဟာ ဇွန်လ(၂၁)ရက်နေ့က ပန်းပျိုးလက်ပရဟိတ ကျောင်းမှာရှိတဲ့ မိဘမဲံ ကလေး အယောက် (၄၃၀) ကို နေ့လည်စာ လှူဒါန်းခဲ့ပါတယ်။ထမင်းဟင်း၊ရေခဲမုန့်တွေ ကျွေးခဲ့ပါတယ်။စမိုင်းလ်ရဲ့ အသက် (၃၄) နှစ်ပြည့် မွေးနေ့နဲ့ သမီးလေး ဆုရတီမောင်ရဲ့ အသက်(၁၀)နှစ်ပြည့် မွေးနေ့တို့ကို ပေါင်းပြီး အလှူလေး လုပ်ခဲ့တာပါ။ဒီ အလှူ အကြောင်းကို စမိုင်းလ်က သူမရဲ့ fb မှာ အခုလို ဝေမျှထားပါတယ်။

“ပန်းပျိုးလက်ပရဟိတကျောင်းရှိမိဘမဲ့ကလေး ၄၃၀အားနေ့လည်စာ ထမင်းဟင်း ရေခဲမုန့် ကိတ်မုန့်များကျွေးပြီး ဘုန်းဘုန်းလမ်းခင်းနေသည့်နေရာအတွက်နဝက္မအလှူငွေပေးအပ်လှူဒါန်း…” ဆိုပြီး တင်ထားပါတယ်။

စမိုင်းလ်ဟာ ဇွန်လ(၂၀)ရက်နေ့ကလည်း မှော်ဘီမြို့ အောင်ဇမ္ဗူတောရကျောင်းမှာ နေ့ဆွမ်းနဲ့အတူ သင်္ကန်များ ဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။ဒါ့အပြင် ရွှေစင်(၄)ကျပ်ခွဲသား တန်ဖိုးရှိတဲ့ စိပ်ပုတီးလေးကိုလည်း လှူဒါန်းခဲ့ပါတယ်။ပြီးခဲ့တဲ့ ရက်တုန်းကလည်း သရုပ်ဆောင်ကစ်ကစ် အတွက် အလှူငွေ (၁၀) သိန်းလှူဒါန်းခဲ့ပါတယ်။

ဇွန်လ(၂၂)ရက်နေ့မှာတော့ လှိုင်သာယာသစ်တံခါးကျောင်းမှာ သက်ကြီးရွယ်အို (၁၂၀) ကို နေ့လည် စာ နဲ့ အလှူ ငွေ ပေးအပ်လှူဒါန်းသွားမယ်လို့ သိရပါတယ်။စတုဒီသာ ထမင်းနဲ့ ဟင်းကိုလည်း ကျွေးမွေးသွားမှာ မို့ လာရောက် ကြပါ လို့ လည်း စမိုင်းလ်က ဇွန်လ (၂၁)ရက်နေ့မှာ တင်ထားပါတယ်။

from စမိုင်းလ်