အနုပညာရှင် စမိုင်းကတော့ ပွင့်ပွင့်လင်းလင်း နေတတ်သူတစ်ယောက်ဖြစ်တဲ့အပြင် ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးနေတတ်တဲ့ သူတစ်ယောက်ဖြစ်လို့  ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားတဲ့ သူတစ်ယာက်ဖြစ်ပါတယ်။ သူမက လတ်တလောမှာ သူမရဲ့ မိသားစုနဲ့ အပန်းဖြေ ခရီးထွက်နေတာဖြစ်ပါတယ်။

စမိုင်းတို့မိသားစုကတော့ ဂရိနိုင်ငံကို ခရီးထွက်နေတာဖြစ်ပြီး သူမရဲ့ ဖေ့စ်ဘုတ်ပေ့ဂ်ျကနေ ခရီးသွားနေတဲ့ မိသားစုပုံရိပ်လေတွေကိုလည်း တင်ပေးထားပါတယ်။ ဒီကနေ့မှာတော့ ချစ်ခင်ပွန်းနဲ့အတူ ရိုက်ထားတဲ့ ဓါတ်ပုံလေးတွေကို “ဂရိရယ် ချစ်သူရယ် အချစ်ရဲ့သက်သေအပြာရောင်လေးတွေရယ်” လို့ရေးပြီး ဖေ့စ်ဘုတ်ပေါ်မှာ တင်ပေးထားတာဖြစ်ပါတယ်။

ပရိသတ်တွေ အားကျလောက်အောင် သဲသဲလှုပ်ချစ်ကြတဲ့ ဇနီးမောင်နှံနှစ်ဦးရဲ့ ဓါတ်ပုံလေးတွေကိုတော့ လူတိုင်းက သဘောကျနေကြပါတယ်။ စမိုင်းတို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ ကြည်နူးစရာ ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Smile