ပွင့်ပွင့်လင်းလင်းနေတတ်ပြီး အလှူအတန်းရက်ရောတဲ့ နာမည်ကျော် မင်းသမီးတစ်ယောက်ဖြစ်တဲ့ စမိုင်းကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ စမိုင်းကတော့ လတ်တလောမှာလည်း သူမရဲ့ မိသားစုနဲ့ အတူ အေသင်မြို့ကို အလည်အပတ် ရောက်ရှိနေတာ ဖြစ်ပါတယ်။

စမိုင်းကတော့ နိုင်ငံရပ်ခြားကို ရောက်နေပေမဲ့ မြန်မာဝတ်စုံလေးကို မြတ်မြတ်နိုးနိုး ဝတ်ဆင်ပြီးတော့ လည်ပတ်နေတဲ့ အကြောင်းကို သူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ တင်ပေးထားပါတယ်။ စမိုင်းကတော့ “အေသင်မြို့ရောက်မြန်မာတစ်ယောက်” လို့ရေးထားပြီး ဓါတ်ပုံလေးတွေကို တင်ပေးထားတာ ဖြစ်ပါတယ်။

ဖြူစင်ပွင့်လင်းတဲ့ အပြုံးချိုချိုလေးကို ပိုင်ဆိုင်ထားတဲ့ စမိုင်းရဲ့ ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Smile