Jung Wooju ကတော့ SM အနုပညာအေဂျင်စီကနေ ပြုလုပ်တဲ့ ‘SM Kids Model’ season1 မှာပြိုင်ပွဲဝင် ကလေးမော်ဒယ် အယောက် ၄၀၀ ထဲကနေ ရွေးချယ်ခံခဲ့ရတဲ့ အသက် ၉နှစ်အရွယ် ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ အခြားသူတွေမှာ တွေ့ရခဲတဲ့ Wooju ရဲ့ ဆွဲဆောင်မှုတွေကြောင် ဒီအဆင့်အထိတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

Wooju ရဲ့ ရှည်ရှည်စင်းစင်း မျက်လုံလေးတွေကတော့ သူရဲ့ ဆွဲဆောင်မှုရှိတဲ့ အဓိက အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ ဓါတ်ပုံရိုက်တဲ့အချိန်မှာလည်း ကလေးလေးလို့ မထင်ရလောက်အောင် ပိုစ့်ပေးကောင်းသူတစ်ယောက်ပါ။ ဘယ်လို photo shooting မျိုးနဲ့ မဆို လိုက်ဖက်တဲ့ ကလေးမော်ဒယ် တစ်ယောက်လည်း ဖြစ်ပါတယ်။

ဒါ့အပြင် Wooju ဟာ မိတ်ကပ်မပါ၊ ဓါတ်ပုံ effect တွေမပါဘဲနဲ့တောင် ကြည့်လို့ကောင်းတဲ့ နဂိုရုပ်ရည်လည်း ရှိတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။

Wooju ရဲ့ ဓါတ်ပုံတွေကိုကြည့်ချင်ရင်တော့ လက်ရှိမှာ Wooju ရဲ့ မိခင်အသုံးပြုလျက်ရှိတဲ့ @wooju09zion15 ကို အင်စတာဂရမ်မှာ follow လို့ရပါတယ်။

Source: Kstarlive