ပရိသတ်အားပေးမှုတွေကို အပြည့်အ၀ရရှိထားတဲ့ နာမည်ကျော် အဆိုတော်တစ်ဦးဖြစ်တဲ့ ပိုပို က အဆိုတော် မိန်းကလေးတွေ့ ကြုံနေရတဲ့ အခက်အခဲ တစ်ခုကို ရဲရဲရင့်ရင့်နဲ့ ပရိသတ်ကို ထုတ်ပြောခဲ့ပါတယ်။ မိန်းကလေး အနုပညာရှင်ဖြစ်လို့ ကိုယ်ထိလက်ရောက် လုပ်တာကို သည်းခံရတာ မဖြစ်သင့်ဘူးလို့ ပိုပို ကပြောခဲ့ပါတယ်။ ဒါ့အပြင် တစ်ခုခု ပြန်ပြောပြန်လုပ်ရင်လည်း အားမပေးတော့ဘူးလို့ ပြောတာတွေကို ကြုံတွေ့နေရတယ်လို့ ပိုပို ကသူရဲ့ ဖေစ်ဘုတ်မှာ တင်ခဲ့တာဖြစ်ပါတယ်။

ဒီပြဿနာဟာ မိန်းကလေးအနုပညာရှင်တိုင် ကြုံတွေ့နေရတဲ့ ပြဿနာဖြစ်လို့ ကာကွယ်ပေးမယ့်သူတွေ လိုအပ်တယ်ဆိုတာကိုလည်း ပိုပိုက ရေးသားထားပါသေးတယ်။” နောက်တစ်ခါတော့ ပြန် ရိုက်ပြီသာ မှတ် ပြီးမှ ရှင်းမယ်” လို့ အဆိုတော် ပိုပိုက သူရဲ့ ဖေစ်ဘုတ်ပေါ်မှာ ပြောထားပါတယ်။

Source: ၀တ်ရည်မိုး faccebook