Idol တွေဆိုတာလည်း သာမန်လူသားတွေပဲ ဖြစ်ပါတယ်။ သူတို့လည်း အခြားသူတွေလို ပျော်ပျော်ရွှင်ရွှင်နဲ့ ရိုမန်တစ်ဆန်တဲ့ ချစ်သူဘဝကို လိုချင်ကြပါတယ်။ ဒါပေမဲ့လည်း အနုပညာအေဂျင်စီတွေရဲ့ စည်းကမ်းတွေ၊ Sasaeng  Fan တွေ၊ သူတို့ ရည်းစားထားရင် ပတ်ဝန်းကျင်က အပြောအဆိုတွေ ခံရမှာတွေကို မလိုလားတဲ့ အတွက်ကြောင့် ရည်းစားရှိလာတဲ့ အခါမှာလည်း လူသိခံလေ့မရှိပါဘူး။

တစ်ခါတလေ ချစ်သူနဲ့ တိတ်တဆိတ်သာတွေ့ဆုံပြီး ပရိသတ်တွေ မသိအောင် ဖုံးထားလေ့ရှိပါတယ်။ ဘယ်လောက်ပဲ ဖုံးဖုံး Dispatch နဲ့ တွေ့တော့လည်း မပေါ်ပဲကို မနေပါဘူး။ ဒါကြောင့် ပရိသတ်တွေအနေနဲ့ ကိုယ် အရမ်းကြိုက်ရတဲ့ Idol မှာ ရည်းစားရှိနေပြီ ဆိုတဲ့ သတင်းကိုတွေ့မှ အသည်ကွဲရတာမျိုးမဖြစ်စေပဲ ကိုယ်ချစ်ရတဲ့ Idol မှာ ရည်းစားရှိနေပြီလားဆိုတာ ကြိုပြီးစမ်းစစ်နိုင်ဖို့ ဒီအချက်လေးတွေကို ဖေါ်ပြပေးလိုက်ပါတယ်။

၁။ သဘောကျတဲ့ မိန်းကလေး/ယောကျာ်းလေးပုံစံကို ပြောပြခိုင်းတဲ့အခါ အတိအကျပြောတယ်

“သဘောကျတဲ့ မိန်းကလေး/ယောကျာ်းလေးပုံစုံက ဘယ်လိုမျိုးလဲ”ဆိုတဲ့ မေးခွန်းကတော့ Idol တွေမကြာခဏဆိုသလို အမေးခံရတဲ့ မေးခွန်းပါ။ ရည်းစားမရှိတဲ့ သူတွေကတော့ အကြမ်းဖျဉ်းမရေမရာပဲ ဖြေတတ်ကြပါတယ်။ ဒါပေမဲ့ ရည်းစားရှိတဲ့ သူတွေကတော့ အသေးစိတ်၊ အတိအကျ ပုံစံအနေအထားက ဖြေတတ်ကြပါတယ်။ သူတို့ ရည်းစားရဲ့ပုံကို အတိအကျပြောတာပေါ့။

၂။ အရင်က တစ်ခါမှမလုပ်ဖူးတဲ့ အပြုအမူတွေ လုပ်တယ်

နောက်ထပ်တစ်ခုကတော့ TV ပေါ်မှာ တင်တွေ့နိုင်တဲ့ အမူအရာပါ။ အရင်ကလို ပုံမှန်မဟုတ်ပဲ ထူးထူးခြားခြားတွေ လုပ်တာမျိုးပေါ့ ။ ဥပမာ- အရင်က အရမ်းအနေအေးတဲ့ သူတစ်ယောက်က စင်ပေါ်မှာ ချစ်စရာကောင်းတဲ့ အမူအရာ (Aegyo)တွေ လုပ်နေတာမျိုးကို ဆိုလိုတာပါ။ အဲလို အမူအရာတွေဟာ သူရဲ့ ရည်းစားကို ပြောချင်တဲ့ လျှိ့ဝှက်အမူအရာတွေ ဖြစ်တယ်လို့လည်း အချို့ကတော့ ယူဆကြပါတယ်။

၃။ ကားအသစ်ဝယ်တယ်

Idol တစ်ယောက် ကားအသစ်ဝယ်တယ်ဆိုတာ လူမသိ၊ သူမသိ ရည်းစားထားနေတာ ဖြစ်တယ်လို့ ပရိသတ်တွေက ယူဆကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လမ်းပန်းဆက်သွယ်ရေးလည်းကောင်း၊ အပြင်သွားစရာရှိလည်း မန်နေဂျာကို လှမ်းခေါ်ပြီး ကားမောင်းပို့ခိုင်းလို့ရတဲ့ အခြေအနေမှာ ကိုယ်ပိုင်ကားက မလိုအပ်တဲ့ အရာပါ။ Idol တစ်ယောက် ကားဝယ်တယ်ဆိုတာ ဘယ်သူမှ မတွေ့အောင် သူရဲ့ ချစ်သူနဲ့ ကားထဲမှာ တိတ်တဆိတ်တွေ့နိုင်ဖို့ ဖြစ်တယ်လို့ ဝေဖန်သူတွေက ယူဆကြပါတယ်။

၎။ အလုပ်အပေါ်မှာ အာရုံစိုက်မှု မရှိဘူး

ဒီတစ်ခုကတော့ တွေ့ရဖို့တော့ ခဲယဉ်းပါတယ်။ တချို့ Idol တွေကတော့ ရိုက်ကူးရေးတွေမှာတောင် အာရုံမစိုက်နိုင်အောင် ဖြစ်တတ်ကြတယ်လို့ Koreaboo မှာ ဖေါ်ပြထားပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရိုက်ကူးရေးလုပ်နေတဲ့ အချိန်မှာတောင် သူတို့ရဲ့ ချစ်သူအကြောင်းကို တွေးနေလို့ဖြစ်ပါတယ်။

၅။ ပရိသတ်တွေသိတယ်

ပရိသတ်တွေကတော့ အသိဆုံးပါပဲ။ တကယ့် ပရိသတ်အစစ်တွေက သူတို့ Idol တွေရဲ့ အမူအရာ၊ အပြောင်းအလဲ တစ်ခုချင်းစီကို သတိထားမိပြီး တစ်ခုခုဆို အလိုလိုသိကြပါတယ်။ သူတို့က Dispatch မသိခင်ကတည်းက သိနေတဲ့ သူတွေလည်း ဖြစ်ပါတယ်။ သင်ချစ်ရတဲ့ Kpop Idolက ရည်းစားရှိနေပြီဆိုတဲ့ ကောလာဟလက တကယ့် ပရိသတ်အစစ် (Hardcore fan)တွေကြားထဲမှာပါ ပျံ့နှံ့နေပြီဆိုရင်တော့ ဒါဟာ ကောလဟာလ မဟုတ်ပဲ တကယ်ဖြစ်ဖို့ များပါတယ်။

Source: Kpopmap